ပါမောက္ခချုပ် ဒေါက်တာအောင်မောင်မင်း

March 6, 2021

ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် အိမ်ကို ရဲနှင့် စစ်တပ် ဝင်စီး

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ဝင်းအတွင်းက ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းရဲ့ နေအိမ်ကို မတ်လ ၆ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ရဲနဲ့ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

ပါမောက္ခချုပ်ကတော့ တိမ်းရှောင်နေတာဖြစ်ပြီး နေအိမ်ကို သော့ဖျက်ကာ ပစ္စည်းတွေကို ကားခုနစ်စီးနဲ့ တိုက်ယူသွားသလို ဖုန်း၊ လက်ပ်တော့ကွန်ပျူတာနဲ့ ပိုက်ဆံတချို့လည်း ယူသွားတယ်လို့ သိရပါတယ်။

ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတယ်လို့လည်း သိရပါတယ်။ 

ဒီကနေ့ မနက်ပိုင်းမှာ စစ်ကားတွေ ရောက်လာခဲ့ပြီး အခုလို လုပ်ဆောင်ခဲ့တာကြောင့် ပါမောက္ခချုပ်ရဲ့ မိသားစုနဲ့ တက္ကသိုလ်ဝန်ထမ်း ဆရာ ဆရာမတွေလည်း ပုန်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ပညာရေးဝန်ထမ်းတစ်ဦး

9 months Ago
Up