ပါမောက္ခချုပ်

A d v e r t i s e m e n t With Us

January 9, 2021

တူရကီသမ္မတခန့်အပ်သည့် ပါမောက္ခချုပ်အား ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ ထိန်းသိမ်း

တူရကီနိုင်ငံ မြို့တော်အန်ကာရာမှာ သမ္မတ အာဒိုဝမ် ခန့်အပ်တဲ့ ပါမောက္ခချုပ်အသစ်ကို  ဘိုဂါဇီဂျီတက္ကသိုလ်ကျောင်းသားတွေက ဆန့်ကျင် ဆန္ဒပြခဲ့ကြသလို  ဇန်နဝါရီ ၈ ရက်မှာ ကျောင်းသားတွေနဲ့ တသားတည်းရှိတယ်လို့ ဆန္ဒထုတ်ဖော်တဲ့သူတွေကို ရဲတွေက ထိန်းသိမ်းခဲ့ပါတယ်။   တူရကီ ထိပ်တန်းတက္ကသိုလ်မှာ တက္ကသိုလ်ပြင်ပက မယ်လစ်ဘူလူကို ပါမောက္ခချုပ် ခန့်တာက ဒီမိုကရေစီနည်းလမ်း မကျဘူးလို့ ရာနဲ့ချီတဲ့ ကျောင်းသားတွေနဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတွေက ပြောဆိုပါတယ်။ ၂၀၁၆ မအောင်မြင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း တူရကီမှာ ဒီလိုဆန္ဒပြပွဲတွေက  ကြုံတောင့်ကြုံခဲဖြစ်ပြီး ဆန္ဒပြပွဲတွေကို လက်ခံလေ့မရှိပါဘူး။  ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ သမ္မတ အာဒိုဝမ်ကို မေးမြန်းရာမှာတော့ သူက ဆန္ဒပြ ကျောင်းသားတွေနဲ့ တွေ့ဆုံဖို့ မစဉ်းစားဘူးလို့ ဆိုပါတယ်။  အာဒိုဝမ်က ဒီကိစ္စမှာ ပါဝင်နေတာ ကျောင်းသားတွေ မဟုတ်ဘဲ အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 
2 months Ago

January 6, 2021

တူရကီသမ္မတ ခန့်အပ်သည့် ပါမောက္ခချုပ်ကို တက္ကသိုလ်ဆရာများနှင့် ကျောင်းသားများ ဆန္ဒပြ

တူရကီသမ္မတ တေယစ်အာဒိုဝမ် ခန့်အပ်တဲ့ မယ်လစ်ဘူဂိုကို ပါမောက္ခချုပ် တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ဘိုဂါဆစ်ချေးတက္ကသိုလ် ဆရာ၊ ဆရာမတွေက ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။ တချိန်တည်းမှာပဲ အာဏာပိုင်တွေက တက္ကသိုလ် ပရဝဏ်ဝန်းကျင်မှာ လုံခြုံရေးအင်အားကို တိုးမြှင့်ထားပါတယ်။ ပါမောက္ခချုပ် ခန့်အပ်တဲ့အပေါ်မှာ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ၁၇ ယောက်ကိုလည်း ၂၄ နာရီအတွင်း သူတို့နေအိမ်တွေကို ဝင်စီးပြီး ကျောင်းသားတွေကို ထိန်းသိမ်းလိုက်ပါတယ်။  အာဏာရ  တရားမျှတမှုနဲ့ ဖွံ့ဖြိုးရေးပါတီ (AKP) အဖွဲ့ဝင် မယ်လစ်ဘူဂိုကို တူရကီရဲ့ ဂုဏ်သိက္ခာအရှိဆုံးကျောင်းတော် ပါမောက္ခချုပ်အဖြစ် ခန့်အပ်မှုကို တနိုင်ငံလုံး ဒေါသထွက်ခဲ့ကြပါတယ်။ ဒီလို ခန့်အပ်မှုဟာ ပညာရေးလွတ်လပ်ခွင့်ကို တိုက်ရိုက်စွက်ဖက်တဲ့ လုပ်ရပ်အဖြစ် အများက ရှုမြင်ပါတယ်။ ဒါကြောင့် မယ်လစ်ဘိုဂို ပါမောက္ခချုပ် တာဝန်လွှဲယူတဲ့ အခမ်းအနားမှာ တက္ကသိုလ် ဆရာ၊ ဆရာမတွေက ပါမောက္ခချုပ်ရုံးအဆောက်အအုံကို ကျောခိုင်းပြီး ဆန္ဒပြခဲ့တယ်လို့ ရိုက်တာက ရေးသားပါတယ်။
2 months Ago
Up