ပါဗက်

January 10, 2019

စတုဂတ်နောက်ခံလူ ပါဗက်ကို ဘိုင်ယန်မြူးနစ် ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူ

ဘိုင်ယန်မြူးနစ်အသင်းဟာ စတုဂတ်အသင်းက ပြင်သစ်လက်ရွေးစင် နောက်ခံလူ ပါဗက်ကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ပါဗက်ကို စတုတ်ဂတ်အသင်းမှာပဲ ရာသီကုန်အထိ အငှားပြန်ချလိုက်ပြီး လာမယ့်နွေရာသီမှ ခေါ်ယူမှာဖြစ်ပါတယ်။ အသက် ၂၂ နှစ်ရှိ ညာနောက်ခံလူ ပါဗက်ဟာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့ပြီး ပြင်သစ်အသင်းနဲ့အတူ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ကာတာနိုင်ငံမှာ လေ့ကျင့်ခန်းဆင်းနေပြီး ၂၀၁၉ ဇူလိုင် ၁ ရက်ကစပြီး အသင်းကို ပါဗက် တရားဝင်ရောက်ရှိမှာ ဖြစ်တယ်လို့ အသင်း အားကစားဒါရိုက်တာ ဟန်ဆန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ပါဗက်ဟာ စတုဂတ်အသင်းကို ၂၀၁၆ ခုနှစ်က လိုင်လီအသင်းကနေ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၆၈ ပွဲမှာ ၂ ဂိုး သွင်းယူထားပါတယ်။
2 years Ago
Up