ပါပူဝါနယူးဂီနီရှိ မီးတောင်တခု မီးခိုးပြာများ စတင်မှုတ်ထုတ်၊ ဒေသခံ ၅၀၀ ကျော်ကို ပြောင်းရွှေ့

January 8, 2018

ပါပူဝါနယူးဂီနီရှိ မီးတောင်တခု မီးခိုးပြာများ စတင်မှုတ်ထုတ်၊ ဒေသခံ ၅၀၀ ကျော်ကို ပြောင်းရွှေ့

ပါပူဝါနယူးဂီနီနိုင်ငံရှိ မီးတောင်တခုဟာ ဇန်နဝါရီ ၆ ရက်နေ့က မီးခိုးပြာတွေ စတင်မှုတ်ထုတ်နေတာကြောင့် ဒေသခံ ၅၀၀ ကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပါတယ်။ နိုင်ငံမြောက်ပိုင်း ခါဒိုဗာကျွန်းရှိ အမြင့် ၁၁၉၇ ပေရှိတဲ့ မီးတောင်ဟာ ဇန်နဝါရီ ၅ ရက်နေ့က စတင်ပေါက်ကွဲခဲ့ပြီး မီးခိုးပြာအမြင့်ဟာ လေထဲ ပေ ၇၀၀၀ အထိ မြင့်တက်ခဲ့ပါတယ်။ အနောက်-အနောက်မြောက်ဘက်ကို ဦးတည်နေတဲ့ မီးခိုးပြာတွေဟာ လေကြောင်းသွားလာမှုကို မထိခိုက်နိုင်ပေမယ့် လေကြောင်းပြောင်းလဲ တိုက်ခတ်မှုဟာ  လေဆိပ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်တယ်ဆိုပြီး မိုးလေဝသ ကြိုတင်ခန့်မှန်းသူ ရှိန်း အိုဘရိုင်ယန်က သတိပေးထားပါတယ်။ ဒါ့အပြင် မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီလှိုင်းတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်မှာကို စိုးရိမ်နေကြတယ်လို့ ရာဘိုး မီးတောင်စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up