ပါတီပွဲ

A d v e r t i s e m e n t With Us

November 3, 2020

စပိန်တွင် ကိုဗစ်စည်းကမ်းချိုးဖောက်မှုဖြင့် ဘားဆိုင်နှင့် ပါတီပွဲများကို ရဲတပ်ဖွဲ့က ဝင်ဖမ်း 

စပိန်မြို့တော် မက်ဒရစ်က စည်ပင်ရဲတွေဟာ တရားမဝင် ပါတီပွဲ ၈၁ ပွဲ၊ ဘော်တယ်ယောနက်စ်လို့ စပိန်မှာ သိကြတဲ့ အသောက်အစားပွဲ ၁၈ ပွဲနဲ့ အရက်ဘားဆိုင် ၁၀ ဆိုင်ကို ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ချိုးဖောက်မှုနဲ့ စီးနင်း ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁ ရက်မှာ ပြောပါတယ်။ ပါတီတက်သူ အများအပြားဟာ လူချင်းခွာနေရမယ့် စည်းမျဉ်းကို မလိုက်နာသလို ပါးစပ် နှာခေါင်းစည်းတွေကိုလည်း ဝတ်မထားကြပါဘူး။ စပိန်မြို့တော်မှာ နိုဝင်ဘာ ၁ ရက်ညက စီးနင်းတာဖြစ်ပြီး မြို့တော်မှာ ချမှတ်ထားတဲ့ ညမထွက်ရအမိန့်ကို ဘားတွေက အာခံရင်း ဆက်ဖွင့်ထားတာကို အရာရှိတွေက စစ်ဆေး တွေ့ခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုးနှုန်းကို လျှော့ချဖို့ စပိန်ဟာ ခြောက်လကြာ အရေးပေါ် အခြေအနေကို အရင်သီတင်းပတ်က ချမှတ် ကြေညာထားပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့အထိ တရားဝင် အတည်ပြုထားတဲ့ ကူးစက်ခံ လူဦးရေ စုစုပေါင်းဟာ ၁၁၈၅,၀၀၀ ကျော် ရှိပေမယ့် ဝန်ကြီးချုပ်ကတော့ တကယ့် ကူးစက်ခံ လူဦးရေဟာ ၃ သန်းအထက်မှာ ရှိနိုင်တယ်လို့ လေ့လာချက်တွေနဲ့ ခန့်မှန်းချက်တွေကို အခြေခံပြီး ပြောထားပါတယ်။ စပိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူ ဦးရေကတော့ ၃၅,၈၇၈ ယောက် ရှိနေပါတယ်။
4 months Ago

April 27, 2020

ပါတီပွဲကျင်းပခဲ့သည့် တိုက်စစ်မှူး မွိုက်စ်ကိန်းကို အဲဗာတန် အရေးယူမည်

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေချိန်မှာ ပါတီပွဲကျင်းပခဲ့တဲ့ တိုက်စစ်မှူးမွိုက်စ်ကိန်းကို အဲဗာတန်အသင်းက အရေးယူဖို့ရှိနေပါတယ်။  မွိုက်စ်ကိန်းဟာ အင်္ဂလန်က ချက်ရိူင်းယားမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ မော်လ်ဒယ်လို့ ယူဆရတဲ့ အမျိုးသမီးတွေကို ခေါ်ပြီး ပါတီပွဲလုပ်ခဲ့တာပါ။  အဲဒီပါတီပွဲက အမျိုးသမီးတွေနဲ့ ဓာတ်ပုံအတူ ရိုက်ထားတဲ့ပုံတွေကိုလည်း လူမူကွန်&က်စာမျက်နှာ Snapchat မှာ တင်ခဲ့ပါတယ်။  အင်္ဂလန်မှာလည်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် လူစုလူဝေးမလုပ်ဖို့ အမိန့်ထုတ်ထားတာပါ။ အဲဒီပါတီပွဲမှာ တိုက်စစ်မှူး မွိုက်စ်ကိန်းအပြင် တခြားအဲဗာတန် ကစားသမား တချို့လည်း ပါဝင်တယ်လို့သိရပြီး  သူတို့ရဲ့ ၂ ပတ်လုပ်ခတွေကို ဖြတ်တောက် သွားဖို့ရှိနေပါတယ်။  စီနီယာက စားသမားတွေအနေနဲ့ အသင်းနဲ့ အစိုးရရဲ့ညွှန်ကြားချက်တွေကို လိုက်နာဖို့  ပျက်ကွက်ခဲ့တဲ့အပေါ်မှာ စိတ်ပျက်မိပြီး လက်မခံနိုင်စရာ လုပ်ရပ်ဖြစ်တာကြောင့် အရေးယူသွားမယ်လို့ အဲဗာတန်အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။  ပါတီပွဲကို ဦးဆောင်ကျင်းပခဲ့တဲ့ အီတလီယူ ၂၁ လက်ရွေးစင် မွိုက်စ်ကိန်းဟာ ပြီးခဲ့တဲ့နှစ်ကမှ ဂျူဗင်တပ်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး လိဂ် ၂၂ ပွဲမှာ ၁ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ 
10 months Ago
Up