ပါတီဌာနချုပ်သို့ လာရောက်ဖြေရှင်း

July 16, 2020

ပါတီတာဝန်က ရပ်နားခံရသည့် ဝါးခယ်မမြို့နယ် NLD အလုပ်မှုဆောင်များ ပါတီဌာနချုပ်သို့ လာရောက်ဖြေရှင်း 

ပါတီတာဝန်ကနေ ရပ်နားခံခဲ့ရတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ  ဝါးခယ်မမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်တွေဟာ ဒီကနေ့    ဇူလိုင် ၁၆ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့  ပါတီဌာနချုပ်သို့  လာရောက်ဖြေရှင်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လပိုင်းက ဝါးခယ်မမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်စိုးကို ကျောင်းသားထောက်ပံ့ကြေးကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့ဝင်တစ်ဦးက ပါတီဗဟိုသို့ တိုင်ကြားခဲ့ပြီးနောက် ဦးအောင်မြတ်စိုးကို  ဥက္ကဋ္ဌ အဖြစ်မှ ယာယီရပ်နားထားခဲ့ပါတယ်။ ဒီကိစ္စဖြစ်ပွားပြီးနောက် ဝါးခယ်မမြို့နယ် NLD ပါတီအလုပ်မှုဆောင်အဖွဲ့ဝင်စုစုပေါင်း ၂၁ ဦးလုံးကိုလည်း ပါတီ တာဝန်ကနေ ရပ်နားခဲ့တာဖြစ်ပါတယ်။ Photo - Ye Myo Khant / MPA 
10 months Ago
Up