ပါတီညီလာခံတက်ပြီး မိန့်ခွန်းပြောသည့် မြောက်ကိုရီးယားခေါင်းဆောင်

May 10, 2016

ပါတီညီလာခံတက်ပြီး မိန့်ခွန်းပြောသည့် မြောက်ကိုရီးယားခေါင်းဆောင် (ရုပ်သံ)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အလုပ်သမားပါတီ ညီလာခံ တတိယနေ့အဖြစ် ပြီးခဲ့တဲ့ မေ ၈ ရက်နေ့က တက်ရောက်နေပုံကို မြောက်ကိုရီးယား အစိုးရမီဒီယာ (ကေအာရ်တီ) က ထုတ်လွှင့်ပြသပါတယ်။ တက်ရောက်လာတဲ့ ပါတီကိုယ်စားလှယ်တွေက ခေါင်းဆောင် မိန့်ခွန်းပြောနေတာကို လိုက်မှတ် ရေးကူးနေတာကို ပြသထားပါတယ်။ မြောက်ကိုရီးယားက တကိုယ်တော် ကာကွယ်ရေးအတွက် နျူးကလီးယားလက်နက် စွမ်းဆောင်နိုင်ရေး အားဖြည့်မယ်လို့ ညီလာခံအတွင်း ဆုံးဖြတ်ကြောင်း ကေစီအန်အေရုပ်သံက မေ ၉ ရက်နေ့မှာ အစီရင်ခံပါတယ်။ ဒါဟာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်း အာခံလိုက်တာပါ။ သူ့နိုင်ငံရဲ့ အချုပ်အခြာကို သူတပါးက စတင်ခြိမ်းခြောက်မှု မရှိမချင်း နျူးကလီးယား လက်နက်တွေကို သုံးစွဲမှာ မဟုတ်ဘူး၊ တာဝန်ယူမှုရှိတဲ့ နျူးကလီးယား လက်နက်ပိုင်ရှင်နိုင်ငံ ဖြစ်တယ်လို့ မြောက်ကိုရီးယားက သူ့ကိုယ်သူ ကြေညာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မြောက်ကိုရီးယားက အရင် စွဲကိုင်ခဲ့ဖူးတဲ့ အခြေအနေကို တရားဝင် ဖြစ်စေခဲ့ပါတယ်။ ညီလာခံကျင်းပတဲ့ ၄ ရက်မြောက်နေ့ဖြစ်တဲ့ မေ ၉ ရက်နေ့မှာ မြောက်ကိုရီးယားဟာ ဘီဘီစီသတင်းဌာနက သတင်းထောက်ကို သူ့အစီရင်ခံစာနဲ့ ပတ်သက်လို့ ဖမ်းဆီးခဲ့ပြီး သူ့ကို ပြည်နှင်ဒဏ်ပေးမယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။
6 years Ago
Up