ပါတီငါးကြိမ်မြောက်ညီလာခံ

December 31, 2017

ပါတီငါးကြိမ်မြောက်ညီလာခံ တေးဂီတဖျော်ဖြေပွဲ မြောက်ကိုရီးယားခေါင်းဆောင် တက်ရောက်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျွန်အန်းဟာ ကိုရီးယားအလုပ်သမားပါတီရဲ့ အဖွဲ့ခွဲ ဥက္ကဋ္ဌများ ငါးကြိမ်မြောက် ညီလာခံကို တက်ရောက်သူတွေနဲ့အတူ ဒီဇင်ဘာ ၂၉ ရက်နေ့က တေးဂီတ ဖျော်ဖြေပွဲကို ကြည့်ခဲ့တယ်လို့ အစိုးရရုပ်သံက ဖော်ပြပါတယ်။ ကင်မ်နဲ့အတူ ညီမဖြစ်သူ ကင်မ်ယိုဂျွန်နဲ့ တခြားအဆင့်မြင့်အရာရှိတွေ ဖျော်ဖြေပွဲ ကြည့်နေပုံရုပ်သံကို မြောက်ကိုရီးယားအစိုးရ မီဒီယာ KRT က ထုတ်လွှင့်ပြသခဲ့တာပါ။ မိုရန်ဘွန် တီးဝိုင်းနဲ့ နိုင်ငံတော် တီးဝိုင်းအဖွဲ့က ဖျော်ဖြေ ခဲ့ပါတယ်။ ညီလာခံကို ဒီဇင်ဘာ ၂၁ ကနေ ၂၃ ထိ ပြုံယမ်း မြို့တော်မှာ ကျင်းပခဲ့တာပါ။ ညီလာခံမှာ ကင်မ်က အဖွင့်မိန့်ခွန်း ပြောပါတယ်။ အမေရိကန်ကို နျူကလီးယား နဲ့ ခြိမ်းခြောက်နိုင်စွမ်း ရှိတဲ့ ဗျူဟာမြောက်နိုင်ငံအဖြစ် အမြန်ထွက်ပေါ်လာတဲ့ မြောက်ကိုရီးယားရဲ့ အနေအထားကို ဘယ်သူမှ မငြင်းနိုင်ဘူးလို့လည်း သူက ပြောတယ်လို့ အစိုးရ သတင်းဌာနက ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကြောင့် တင်းမာမှုတွေ တိုးခဲ့တာပါ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို နှစ်ချီ အာခံလာတဲ့ ဒီအစီအစဉ်ကြောင့် မြောက်ကိုရီးယားနဲ့ အမေရိကန် အစိုးရတွေ နှစ်ဖက်လုံးက အပြန်အလှန် ရန်စကား ပြောခဲ့ကြပါတယ်။
4 years Ago
Up