ဂျာမနီနိုင်ငံမှာ စက်တင်ဘာ ၂၆ ရက်အထိ ရွေးကောက်ပွဲ ခန့်မှန်းမဲရလဒ်တွေအရ CDU နဲ့ SPD ပါတီတို့က မဲတန်းတူနီးပါး ရနေပြီးတဲ့နောက် အစိုးရသစ်ဖွဲ့ဖို့ ပူးပေါင်းနိုင်ခြေရှိတဲ့ Free Democrats ပါတီ (FDP) ဟာ ဂရင်းပါတီကို ချီးမွမ်းပြောဆိုလိုက်ပါတယ်။
ဂရင်းပါတီကို ထောက်ခံသူတွေ တိုးလာတာ မှတ်လောက်သားလောက်ပဲလို့ (FDP) ပါတီ ခေါင်းဆောင် ခရစ်စယံလင်ဒ်နာက ထောက်ခံသူတွေကို ပြောပါတယ်။
CDU နဲ့ SPD ပါတီတွေ ပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့မယ့် အခြေအနေကို ဂေဟစနစ် ပညာရှင်တွေ ဖြစ်တဲ့ ဂရင်းပါတီဟာ FDP ပါတီလိုပဲ ဆန့်ကျင်တယ်လို့လည်း သူက ပြောပါတယ်။
လင်ဒ်နာက “အရင်ရွေးကောက်ပွဲနဲ့ နှိုင်းစာရင် ညွန့်ပေါင်းဖွဲ့ခဲ့တဲ့ ပါတီတွေဟာ ဘယ်လို အကျိုးအမြတ်ကိုမှ မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် လက်ရှိ ဆက်လုပ်နိုင်ဖို့ကလည်း ဂျာမနီမှာ မဖြစ်နိုင်ဘူး။ အခုအချိန်ဟာ အစသစ်တရပ်ကို စတင်ဖို့ အချိန်ပဲ” လို့ ပြောပါတယ်။
အကြိတ်အနယ်ရှိလှတဲ့ မဲရလဒ်တွေအရ ပြည်ထောင်စုရွေးကောက်ပွဲတရပ်အတွက် CDU/CSU ပါတီ နှစ်ရပ်ပေါင်း မဲရလဒ်ဟာ စစ်ပြီးခေတ်နောက်ပိုင်းမှာ ထိုးကျလာခဲ့တာကို တွေ့ရတယ်။
ဒါဟာ အစိုးရသစ်မဖွဲ့ခင် ညွန့်ပေါင်းဖွဲ့ရေး ဆွေးနွေးပွဲအရှည်ကြီးတွေ ပြောဆို ဆွေးနွေးရမယ့် အဓိပ္ပာယ်ပဲ။ သူတို့နဲ့အတူ ဂရင်းပါတီနဲ့ FDP ပါတီတွေပါ ပါဝင် ဆွေးနွေးကောင်း ဆွေးနွေးရနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။