ပါဆယ်ရောင်းရန်

A d v e r t i s e m e n t With Us

March 25, 2020

လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်များ ပါဆယ်သာ ရောင်းရန် မန္တလေးတိုင်းအစိုးရထုတ်ပြန် (ဓာတ်ပုံ)

မန္တလေးမြို့ လက်ဖက်ရည်ဆိုင်၊ ခေါက်ဆွဲဆိုင်တွေကို ပါဆယ်သာ ရောင်းချဖို့ မန္တလေးတိုင်းအစိုးရက ညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ COVID-19 အတည်ပြု လူနာ ၂ ဦး တွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်နေ့ညပိုင်းက ထုတ်ပြန်ခဲ့ပြီးနောက် မန္တလေးမြို့ လက်ဖက်ရည်ဆိုင်၊ ခေါက်ဆိုင်တွေကို ပါဆယ်သာရောင်းချဖို့ မတ် ၂၄ ရက်နေ့က မန္တလေးတိုင်းအစိုးရက ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာပါ။ ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် မန္တလေးမြို့ နန်းရှေ့ လက်ဖက်ရည်ဆိုင်တွေမှာလည်း ပါဆယ်သာရောင်းချနေကြတယ်လို့ သိရပါတယ်။ Photo-Kaung Zaw Hein/MPA
12 months Ago
Up