ပါဆယ်ထုပ်

March 6, 2020

ထိုင်းစာတိုက်တွင် ပြည်ပကပို့လာသည့် ပါဆယ်ထုပ်များကို ပိုးသတ်ဆေးဖျန်း

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၄၇ ရှိပြီး ထိုင်းစာတိုက်ဌာနဟာ ပြည်ပကနေ ပြည်တွင်းကို ပေးပို့ရောက်ရှိလာတဲ့ ပါဆယ်ထုပ်တွေကို မတ် ၅ ရက်နေ့က ပိုးသတ်ဆေးစတင်ဖျန်းနေပါတယ်။  ထိုင်းစာတိုက်ရဲ့ အကြီးအကဲ အမှုဆောင်အရာရှိချုပ် ကော်ကစ် ဒန်ချိုင် ဗီချစ်က သူတို့ဌာနဟာ ပြည်ပကရောက်ရှိလာတဲ့ ပါဆယ်ထုပ်တွေ အကုန်လုံးကို ပိုးသတ်ဆေးဖြန်းနေကြောင်း သတင်းထောက်တွေကို ပြောပါတယ်။  ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာသစ် ၄ ဦးမှာ နိုင်ငံခြားသား ၂ ဦးနဲ့ ပြည်ပကပြန်လာတဲ့ ထိုင်းနိုင်ငံသား ၂ ဦးတို့ ဖြစ်ပါတယ်။  ထိုင်းနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၇ ဦး၊ သေဆုံးသူ ၁ ဦးနဲ့ ရောက်ဂါသက်သာပျောက်ကင်းလာသူ ၃၁ ဦးရှိတယ်လို့ သိရပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၈၄၂၁ ဦး၊ သေဆုံးသူ ၃၃၈၅ ဦးနဲ့ ရောက်ဂါသက်သာပျောက်ကင်းလာသူ ၅၅၆၃၀ ဦးရှိတယ်လို့ သရပါတယ်။
2 years Ago
Up