ပါကစ္စတန်ပြော

June 23, 2017

အမေရိကန်၏ ဒရုန်းယာဉ်ဖြင့် ပစ်ခတ်မှု အချုပ်အခြာအာဏာကို ချိုးဖောက်ဟု ပါကစ္စတန်ပြော

ပါကစ္စတန် မြေပေါ်မှာ အမေရိကန်ရဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်နဲ့ ပစ်ခတ်မှုဟာ အချုပ်အခြာကို ချိုးဖောက်မှုဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံထဲမှာ တိုက်နေတဲ့ စစ်ပွဲအတွက် မူဝါဒသစ် ရဲ့ အစိတ်အပိုင်း အနေနဲ့ အမေရိကန် အစိုးရဟာ ပါကစ္စတန် နိုင်ငံထဲမှာ ဒရုန်းယာဉ် သုံးစွဲမှု တိုးလုပ်မယ်လို့ အမေရိကန် အရာရှိတွေက အဆိုပြုကြောင်း အစီရင်ခံစာတွေ ထွက်ခဲ့ပြီးနောက် ပါကစ္စတန်က ခုလို တုံပြန်လိုက်တာ ဖြစ်ပါတယ်။ ပါကစ္စတန် အစိုးရဟာ အာဖဂန်နစ္စတန်က တာလီဘန်တွေနဲ့ အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ အာဖဂန် အစိုးရကို ဆန့်ကျင်တဲ့ တခြား စစ်သွေးကြွတွေ အတွက် ဘေးကင်းရေး ဘုံဗိမာန်တွေ ဖန်တီးပေးထားတယ်လို့ အမေရိကန်အစိုးရက အခိုင် အမာ ပြောပါတယ်။ ပါကစ္စတန် အစိုးရကတော့ ဒီစွဲချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆိုပါတယ်။ ပါကစ္စတန် နိုင်ငံခြားရေး ပြောခွင့်ရ နာဖီးစ် ဇာကာရီယာကလည်း ဒရုန်းတိုက်ခိုက်မှုကို ဝေဖန် ပြောဆိုပါတယ်။ ဒီနှစ်ထဲမှာ ပါကစ္စတန် မြေပေါ်မှာ ဒရုန်း တိုက်ခိုက်မှု ၃ ကြိမ် ရှိတယ်လို့ အစီရင်ခံထားပါတယ်။ ဒါပေမယ့် အမေရိကန်က လုပ်တာလား၊ ပါကစ္စတန်က လုပ်တာလားဆိုတာ အတည်ပြုမှု မရှိသေးပါဘူး။
5 years Ago
Up