ပါကစ္စတန်အနောက်မြောက်ပိုင်းရှိ တရားရုံးကို အသေခံဗုံးခွဲ၊ အနည်းဆုံး ၄ ဦး သေဆုံး

February 22, 2017

ပါကစ္စတန်အနောက်မြောက်ပိုင်းရှိ တရားရုံးကို အသေခံဗုံးခွဲ၊ အနည်းဆုံး ၄ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ချာဆာဒါမြို့တရားရုံးကို အကြမ်းဖက်သမားတွေက ဖေဖော်ဝါရီ ၂၁ ရက်က အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အကြမ်းဖက်သမားတဦးက တရားရုံးအဆောက်အဦကို အသေခံဗုံးခွဲ တိုက်ခိုက်ချိန်မှာ နောက်တဦးက တရားရုံးဝင်ပေါက်ကို တည့်တည့်ချိန်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ ပါကစ္စတန်အခြေစိုက် တာလီဘန်အဖွဲ့ Jamaat-ur-Ahrar က ဒါဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တာကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up