ပါကစ္စတန်သမ္မတ

February 27, 2019

မိမိနိုင်ငံကို မည်သူမျှ ထိခိုက်အောင်လုပ်၍မရဟု ပါကစ္စတန်သမ္မတ သတိပေး

ပါကစ္စတန်နိုင်ငံတွင်းမှာရှိတဲ့ စစ်သွေးကြွတွေရဲ့ သင်တန်းကျောင်းတခုကို ဖေဖော်ဝါရီ ၂၆ ရက်က အိန္ဒိယစစ်လေယာဉ်တွေ တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာ ပါကစ္စတန်သမ္မတ အရစ်ဇ်အယ်လ်ဗီက မိမိနိုင်ငံကို ဘယ်သူမှ ထိခိုက်အောင်လုပ်လို့ မရဘူးလို့ သတိပေးလိုက်ပါတယ်။ “ပါကစ္စတန် တပ်မတော်ဟာ အကြမ်းဖက်ဝါဒကို တားဆီးပြီးပြီ။ အကြမ်းဖက်ဝါဒနဲ့ ပတ်သက်လာရင် ပါကစ္စတန်တပ်မတော်ဟာ အတွေ့အကြုံ အရှိဆုံးဖြစ်တယ်။ ဒီတော့ ဒေသတွင်းဖြစ်ဖြစ် ဒါမှမဟုတ် တခြားနေရာက ဘယ်သူမဆို မိမိနိုင်ငံကို ထိခိုက်အောင်လုပ်ဖို့ စဉ်းကိုမစဉ်းစားပါနဲ့။ မိမိတို့ဟာ ပါကစ္စတန်တပ်မတော် စောင့်ရှောက်ထားတဲ့ ပြည်သူတွေဖြစ်တယ်” လို့လည်း သမ္မတ အရစ်ဇ်အယ်လ်ဗီက ပြောပါတယ်။ အိန္ဒိယစစ်လေယာဉ်တွေဟာ JeM စစ်သွေးကြွအဖွဲ့ရဲ့ သင်တန်းကျောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။ အဲဒီ JeM စစ်သွေးကြွအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ နေ့က အိန္ဒိယရဲတပ်ဖွဲ့ဝင် ၄၀ ထက် မနည်း သေဆုံးရတဲ့ အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသမှာ ကားဗုံးခွဲမှုကို သူတို့လုပ်ခဲ့တာလို့ ပြောထားပါတယ်။
2 years Ago
Up