ပါကစ္စတန်တွင် အိုင်အက်စ် အသေခံဗုံးခွဲ၊ လူ ၅၂ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရ (ရုပ်သံ)

A d v e r t i s e m e n t With Us

November 13, 2016

ပါကစ္စတန်တွင် အိုင်အက်စ် အသေခံဗုံးခွဲ၊ လူ ၅၂ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရ (ရုပ်သံ)

ပါကစ္စတန်နိုင်ငံတောင်ပိုင်းက ဘလူချစ်စတန် Balochistan  ပြည်နယ်မှာ ဆူဖီ Sufi မွတ်စလင်ဘာသာရေး ပွဲတော်တခုကို အိုင်အက်စ်အကြမ်းဖက်တဦးက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ လို့ အနည်းဆုံးလူ ၅၂ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ ဆူဖီ အစ္စလာမ်ဘာသာဟာ အလယ်အလတ်အစ္စလာမ်ဘာသာတခုဖြစ်ပြီး ပါကစ္စတန်နိုင်ငံမှာ ယုံကြည် ကိုးကွယ်သူ သန်းနဲ့ချီပြီး ရှိပါတယ်။ အတီးအမှုတ်အကအခုန်တွေနဲ့ အစ္စလာမ်သူတော်စင်တွေကို ပူဇော်ပသတာဖြစ်လို့ မွတ်စလင်အစွန်းရောက်တွေက ဆန့်ကျင်ကြပြီး အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခံရပါတယ်။ ဒီဘာသာရေးပွဲတော်ကိုလည်း နိုင်ငံတ၀န်းက ဆူဖီအစ္စလာမ်ဘာသာဝင်တွေရော၊ အီရန်နိုင်ငံက ဘုရားဖူးတွေပါ လာရောက်ကြတာပါ။ နေ၀င်ချိန် ဘုရားဖူးတွေ စုဝေးနေတဲ့အချိန်မှာ တိုက်ခိုက်ခံရပြီး ပွဲတော်ကျင်းပတဲ့နေရာကလည်း ဝေးလံပြီးသွားလာရခက်ခဲတဲ့ နေရာတခုဖြစ်လို့ အရေးပေါ်ကယ်ဆယ်ရေး အခက်အခဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကရာချီမြို့နဲ့ ၆၂ မိုင်ကွာဝေးပြီး အထင်ကရလူမှုကယ်ဆယ်ရေးအသင်းက အရေးပေါ်လူနာတင်ယာဉ် အစီး ၅၀ စေလွှတ်ခဲ့ပါတယ်။ ၀န်ကြီးချုပ်နာဝပ်ရှရစ်ကော၊ အတိုက်အခံခေါင်းဆောင်တွေကပါ ဒီတိုက်ခိုက်မှုကို အပြင်းအထန် ရှုတ်ချကြပြီး အရေးပေါ်ကယ်ဆယ်ရေးကို အစွမ်းကုန်ဆောင်ရွက်ပေးဖို့ ၀န်ကြီးချုပ် တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကလည်း ကရာချီမြို့က နာမည်ကျော် ဆူဖီ မွတ်စလင် အဆိုတော်တဦးဟာလည်း သေနတ်သမား ၂ ယောက်ရဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
4 years Ago
Up