ပါကစ္စတန်တွင် အပူလိုင်းကြောင့် လူ ၇၀၀ ခန့်သေဆုံး၊ အရေးပေါ်ကုသရေးဌာနများဖွင့်

June 28, 2015

အပူလှိုင်းကြောင့် ပါကစ္စတန်တွင် သေဆုံးသူ ၁၁၀၀ ကျော်ပြီ

ပါကစ္စတန်မှာ အပူလှိုင်းကြောင့် သေဆုံးသူ ၁၁၀၀ ကျော်သွားပြီး အပူဆုံး ရက်တွေမှာ ကြုံရတဲ့ ၄၄ ဒီဂရီ ဆဲလ်စီးယပ်စ်ဟာ ၁၉၈၁ နောက်ပိုင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ အပူဒဏ်အဆိုးဆုံးခံနေရတဲ့ ကရာချီမြို့မှာ ဇွန် ၂၆ ရက်နေ့ကစလို့ ပင်လယ်ဘက်ကနေ လေပြေလေညင်းတွေ စတင်ဝင်ရောက်နေတာကြောင့် အရင်နေ့တွေကထက် အပူဒဏ်သက်သာလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဇွန် ၂၇ ရက်နေ့ ပါကစ္စတန် မိုးလေ၀သဌာနက ခန့်မှန်းချက်အရ အပူချိန် ၃၆ ဒီဂရီ ဆဲလ်စီးယပ်စ် အထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူဦးရေ သန်း ၂၀ နေထိုင်တဲ့မြို့မှာ အစိုးရရဲ့ အရေးယူ ဆောင်ရွက်ပုံ ညံ့ဖျင်းတယ်ဆိုပြီး ပြည်သူတွေက ဝေဖန်နေကြပါတယ်။ အပူဆုံးရက်တွေမှာ  ကရာချီမြို့အခြေစိုက် ပရဟိတအဖွဲ့ အက်ဒီ ဖောင်ဒေးရှင်းက Edhi Foundation လူနာတင်ယာဉ် ၃၀၀ လောက်ဟာ နေ့ရောညပါ မနားခဲ့ရဘူးလို့ ဖောင်ဒေးရှင်းက ပြောပါတယ်။ ဇွန် ၂၆ ရက်နေ့ကလည်း ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အလောင်း ၅၀ ကို သင်္ဂြိုဟ်ခဲ့ရတယ်လို့ ဖောင်ဒေးရှင်းက  ပြောပါတယ်။ ဓာတ်ပုံ - ရိုက်တာ  
6 years Ago

June 27, 2015

ဗြိတိန်တွင် အပူလှိုင်းဖြတ်ပါက လူသေဆုံးနိုင်ဟု ကျွမ်းကျင်သူများ သတိပေး

ဗြိတိန်နိုင်ငံမှာ အပူလှိုင်းဖြတ်ပါက အဆင်သင့်ပြင်ဆင်ထားပေမယ့် အပူချိန်မြင့်တက်မှုကြောင့် လူတွေ သေဆုံးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လာမယ့် သီတင်းပတ် ဇွန် ၂၉ ရက်က စတင်ပြီး အပူချိန်က ၃၅ ဒီဂရီစင်တီဂရိတ်ထက် ပိုမြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ အပူချိန်မြင့်တက်တဲ့အတွက် အသက်ရှူတာ ထိခိုက်နိုင်သလို နှလုံးအခြေအနေကိုလည်း သတိထားဖို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ အမြဲတမ်း အေးတဲ့ ရာသီဥတုကို သတိထားနေတဲ့အတွက် အရမ်းပူပြင်းရင် အန္တရာယ်ရှိတယ်လို့ ပင်စင်စားတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးနေတဲ့ မာလ်ကွန်ဘွတ်က ပြောပါတယ်။ ထိခိုက်လွယ်တဲ့ ဆွေမျိုးသားချင်း သူငယ်ချင်းတွေကို သတိထားစောင့်ကြည့်ဖို့နဲ့ ရာသီဥတု ပူရင် အိမ်ထဲမှာ နေဖို့လည်း သတိပေးထားပါတယ်။ စိန့်ဂျွန် အရေးပေါ်ဌာနက လေ့ကျင့်ရေး အရာရှိကတော့ အပူချိန်လွန်တဲ့အတွက် သက်ကြီးရွယ်အိုတွေကို အန္တရာယ်ရှိသလို သတိပေးချက်တွေကို လိုက်နာဖို့ တိုက်တွန်းထားပါတယ်။ ၂၀၀၃ ခုနှစ်က ၁၀ ရက်ကြာ အပူလှိုင်းဖြတ်တဲ့အတွက် လူ ၂ ထောင်ကျော်သေဆုံးခဲ့ဖူးတဲ့ အတွက် အင်္ဂလန် လူထု ကျန်းမာရေး အဖွဲ့ကလည်း လူထောင်နဲ့ချီသေနိုင်တယ်လို့ သတိပေးထားပါတယ်။
6 years Ago
Up