ပါကစ္စတန်တွင် ရဲကားတစီး ဖောက်ခွဲတိုက်ခိုက်ခံရ၊ လူ ၆ ဦးထက်မနည်း သေဆုံး

October 18, 2017

ပါကစ္စတန်တွင် ရဲကားတစီး ဖောက်ခွဲတိုက်ခိုက်ခံရ၊ လူ ၆ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံမှာ အောက်တိုဘာ ၁၈ ရက်က ရဲကားတစီး ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး လူ ၆ ဦးထက်မနည်း သေဆုံးသွားပါတယ်။ ပါကစ္စတန် အနောက်တောင်ပိုင်းက ကွီတာမြို့မှာဖြစ်ခဲ့တဲ့ အဲဒီပေါက်ကွဲမှုဟာ ပါကစ္စတန် တာလီဘန်တွေရဲ့လက်ချက်ဖြစ်တယ်လို့ ဝန်ခံပြောကြားထားပါတယ်။ ရဲကားဟာ တပ်သားသစ်အဖြစ် စုဆောင်းထားသူတွေကို တင်ဆောင်လာတာဖြစ်ပြီး ကားပေါ်က လူ ၄ ဦးနဲ့ အနီးအနားကဖြတ်သွားတဲ့ လူ ၂ ဦး သေဆုံးသွားတာဖြစ်တယ်လို့ ကွီတာရဲချုပ် အဗ္ဗဒါ ရာဇတ်ချီမာက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန် စစ်ရဲတပ်ဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုဖြစ်တယ်လို့ ပါကစ္စတန် တာလီဘန်အကြမ်းဖက်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မူဟာမက်ယူရာဆန်နီက ထုတ်ပြန်ကြေညာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up