ပါကစ္စတန်တွင် ရထားနှစ်စင်းတိုက်မိ၊ အနည်းဆုံး လူ ၁၇ ဦး သေဆုံး

A d v e r t i s e m e n t With Us

November 3, 2016

ပါကစ္စတန်တွင် ရထားနှစ်စင်းတိုက်မိ၊ အနည်းဆုံး လူ ၁၇ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှာ ရထား ၂ စင်းတိုက်မိပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးတယ်လို့ ဒေသခံ မီဒီယာတွေက ကြေညာပါတယ်။ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းမှာ ကရာချိမြို့တောင်ပိုင်းက လန်ဒီဘူတာနားမှာ တိုက်မိခဲ့ကြတာဖြစ်ပြီး အနည်းဆုံး လူအယောက် ၄၀ လည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။ ရထားတစင်းကို အချက်မှားပြခဲ့တယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြခဲ့ကြပြီး ရထားတွဲ အနည်းဆုံး ၂ တွဲ တိမ်းမှောက်ခဲ့တာပါ။ အာဏာပိုင်တွေကတော့ ရထားတိုက်မိရတဲ့ အကြောင်းရင်းကို တရားဝင် ထုတ်မပြောသေးပါဘူး။ ဒီရထားတိုက်မှု ဖြစ်ပွားခဲ့အပြီး ကရာချိမြို့က ထွက်ခွာမယ့် ရထားအားလုံးကို ရပ်ဆိုင်းခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ခရီးသည်တွေ ရထားတွဲပျက်တွေအောက်မှာ ပိတ်မိနေတယ်လို့လည်း ကရာချိမြို့ခံ သတင်းတွေက ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ရထားလမ်းတွေဟာ အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ ရထားလမ်းတွေကိုပဲ ဆက်လက်အသုံးပြုနေတာဖြစ်ပြီး အခုလို ရထားတိုက်မှုတွေကလည်း မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ သတင်းက ဆိုပါတယ်။
4 years Ago
Up