ပါကစ္စတန်တွင် ဗုံး ၂ လုံးပေါက်ကွဲ၊ ၁၂ ဦးသေဆုံးပြီး ၅၂ ဦးဒဏ်ရာရ (ရုပ်သံ)

A d v e r t i s e m e n t With Us

September 3, 2016

ပါကစ္စတန်တွင် ဗုံး ၂ လုံးပေါက်ကွဲ၊ ၁၂ ဦးသေဆုံးပြီး ၅၂ ဦးဒဏ်ရာရ (ရုပ်သံ)

ပါကစ္စတနနိုင်ငံ အနောက်မြောက်ပိုင်း ခီဘာပတ်ခ်တန်ခွာ ပြည်နယ်က မာဒန်မြို့ တရားရုံးအပြင်မှာ စက်တင်ဘာ ၂ ရက်နေ့က ဗုံး ၂ လုံးပေါက်ကွဲလို့ လူအနည်းဆုံး ၁၂ ဦး သေဆုံးပြီး  ၅၂ ဦး ဒဏ်ရာရပါတယ်။ ပါကစ္စတန် တာလီဘန် ဂိုဏ်းခွဲရဲ့ စစ်သွေးကြွတွေက ဒီဒေသအတွင်း ခရစ်ယန်ရပ်ကွက်ကို တိုက်ခိုက်အပြီး နာရီပိုင်း အတွင်းမှာ ဗုံးခွဲခံရတာပါ။ ပေါက်ကွဲတဲ့ နေရာက ရှေ့နေ၊ ရဲနဲ့ အရပ်သားတွေရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့ တယ်လို့ မာဒန်မြို့ ကယ်ဆယ်ရေး အရာရှိချုပ်က ပြောပါတယ်။ အသေးစား ပေါက်ကွဲအပြီး အကြီးစား ပေါက်ကွဲခဲ့တာလို့လည်း ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ သူတို့လက်ချက်အဖြစ် တာဝန်ခံတာ မရှိသေးပါဘူး။ ဒါပေမယ့် ဝန်ကြီးချုပ် နဝပ်ဇ်ရှာရစ်ဖ်က အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲကို ဒီလိုဗုံးခွဲမှုက ဘာမှတွန့်ဆုတ်အောင် မလုပ်နိုင်ဘူးလို့ ပြောပါတယ်။ တိုက်ခိုက်သူတွေဟာ ပါကစ္စတန် နိုင်ငံထဲမှာ ပုန်းခိုစရာ နေရာမရသင့်ဘူးလို့လည်း သူက ပြောပါတယ်။ ဒီဇင်ဘာလက မာဒန်မြို့ အစိုးရရုံးကို တိုက်ခိုက်မှုကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ပါသေးတယ်။ ပါကစ္စတန် တာလီဘန် ဂိုဏ်းခွဲ ဂျမတ်အူလ်အာဟာရာ အဖွဲ့က သူတို့လက်ချက် အဖြစ် ကြေညာခဲ့ပါတယ်။ ဒီအဖွဲ့ဟာ အတိတ်ကလည်း ခရစ်ယန်တွေကို ပစ်မှတ်ထားခဲ့ဖူးပြီး တာဝန်ခံ ကြေညာတာလည်း လုပ်ခဲ့ပါတယ်။
5 years Ago
Up