ပါကစ္စတန်တွင် စစ်လေယာဉ်ပျက်ကျပြီး ၁၈ ဦး သေဆုံး

July 30, 2019

ပါကစ္စတန်တွင် စစ်လေယာဉ်ပျက်ကျပြီး ၁၈ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်၊ ရာဝါပင်ဒီမြို့မှာ ဒီကနေ့ လူနေရပ်ကွက်ထဲကို  စစ်ဘက်လေယာဉ်တစင်း ပျက်ကျလို့ လူ ၁၈ ယောက် သေဆုံးခဲ့ပါတယ်။  သေဆုံးသူတွေဟာ လေယာဉ်အမှုထမ်း စစ်သည် ၅ ယောက်စလုံးနဲ့ အရပ်သား ၁၃ ယောက်တို့ ဖြစ်ပြီး ဒဏ်ရာရသူ ၁၂ ယောက်ကို ဆေးရုံပို့ဆောင်ခဲ့ပါတယ်။  လေယာဉ်ပျက်ကျတဲ့အတွက် မီးလောင်ခဲ့ပြီး စစ်ဘက်နဲ့ အရပ်ဘက်ကယ်ဆယ်ရေး ၀န်ထမ်းတွေက မီးကိုငြှိမ်းသတ်ခဲ့ပါတယ်။  သေဆုံးဒဏ်ရာရသူတချို့ဟာ မီးလောင် ဒဏ်ရာကြောင့်ဖြစ်ပြီး တချို့ကတော့ အဆောက်အဦပြိုကျလို့ဆိုပြီး ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။  စစ်ဘက်လေယာဉ်ဟာ ပုံမှန်လေ့ကျင့်ပျံသန်းချိန် ပျက်ကျတာဖြစ်တယ်လို့ ပါကစ္စတန် စစ်ဘက်က ထုတ်ပြန်ခဲ့ပေမယ့် မတော်တဆ ဖြစ်ရတဲ့အကြောင်းနဲ့ ဘယ်လို လေယာဉ် အမျိုးအစားဆိုတာ ချက်ချင်း မပြောခဲ့ပါဘူး။  ရာဝါဒီပင်မြို့ဟာ မြို့တော် အစ္စလာမ်ဘတ်နဲ့နီးပြီး ပါကစ္စတန် စစ်ဌာနချုပ် တည်ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။  ဓာတ်ပုံ- AFP
2 years Ago
Up