ပါကစ္စတန်အစိုးရ

A d v e r t i s e m e n t With Us

June 11, 2020

သစ်ပင်စိုက်ပျိုးရန် အလုပ်လက်မဲ့များကို ပါကစ္စတန်အစိုးရ ကမ်းလှမ်း

ပါကစ္စတန်နိုင်ငံမှာ  ရာသီဥတုပြောင်းလဲလာတဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သစ်ပင်ပေါင်း သိန်းထောင်ချီစိုက်ပျိုးမယ့်  စီမံကိန်းမှာ ပူးပေါင်းပါဝင်ကြဖို့ ထောင်သောင်းချီနေတဲ့ အလုပ်လက်မဲ့တွေကို အစိုးရက ကမ်းလှမ်းလိုက်ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ကပ်ဘေး ထိန်းချုပ်ရေးအတွက် အသွားအလာ ကန့်သတ်ချက်ကို မတ်လ ၂၃ရက်က စတင်ခဲ့လို့ ပါကစ္စတန်မှာ  ထောင်သောင်း ချီတဲ့ လူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ပါတယ်။  ဒါပေမယ့် ထောင်ချီတဲ့ နေ့စားလုပ်သားတွေဟာ သစ်တောလုပ်သားအဖြစ် အလုပ် အကိုင်သစ် ရခဲ့တာပါ။  ၁၀ ဘီလီယံ သစ်ပင် ဆူနာမီလို့ နာမည်ပေးထားတဲ့ အစီအစဉ်ဟာ ၂၀၁၈မှာ ဝန်ကြီးချုပ် အမ်ရမ်ခန်း စတင် မိတ်ဆက်တဲ့ ငါးနှစ်ကြာ စီမံကိန်းလည်း ဖြစ်ပါတယ်။ ဒါဟာ အပူချိန် မြင့်တက်တာ၊ ရေကြီးတာ၊ မိုးခေါင်တာနဲ့ တခြား အစွန်းရောက် ရာသီဥတုကိုဖြစ်စေတဲ့ ရာသီဥတုပြောင်းလဲမှု ရဲ့ သက်ရောက်မှုတွေကို တိုက်ဖျက်ဖို့လည်း ဖြစ်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအတည်ပြုလူနာ အယောက် ၁ သိန်းကျော်ချိန်မှာ ဒီစီမံကိန်းကို ကနဦးက ရပ်ထားခဲ့တာပါ။ ဒါပေမယ့် စိုက်ပျိုးရေး ပြန်စဖို့ သစ်တောဌာနကို ဝန်ကြီးချုပ်က ခြွင်းချက်ပေးအပြီးမှာ လူ ၆၃၆၀၀ ဦးကို အလုပ်အကိုင် ပြန်ပေးနိုင်ခဲ့တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ ကမ္ဘာ့သားရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ WWFရဲ့ အဆိုအရ ပါကစ္စတန်ဟာ သစ်တောရှားပါးတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံဧရိယာရဲ့ ၆ ရာခိုင်နှုန်းသာ သစ်ပင်တွေ ဖုံးလွှမ်းနေပါတယ်။ နှစ်စဉ် တရားမဝင် သစ်ခုတ်မှုနဲ့ အသေးစား စိုက်ပျိုးရေးအတွက် မြေရှင်းတာကြောင့် ဟက်တာ ထောင်ချီတဲ့ သစ်တောတွေ ဖျက်ဆီးခံနေရတယ်လို့ WWF က သူ့ရဲ့ တရားဝင် အင်တာနက် စာမျက်နှာမှာ ပြောထားပါတယ်။ 
9 months Ago
Up