ပါကစ္စတန်ခရစ်ယာန်အမျိုးသမီ

February 29, 2020

သေဒဏ်မှလွတ်မြောက်ခဲ့သူ ပါကစ္စတန်ခရစ်ယာန်အမျိုးသမီး ပြင်သစ်တွင် ခိုလှုံခွင့်ရ

အစ္စလာမ်ဘာသာအပေါ် စော်ကားမှုနဲ့ သေဒဏ်ချမှတ်ခံရပြီး ပြန်လွတ်မြောက်ခဲ့တဲ့ ပါကစ္စတန် ခရစ်ယာန်အမျိုးသမီး အာရှာဘီဘီကို ပြင်သစ်နိုင်ငံက ခိုလှုံခွင့်ပေးတယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ အာရှာက  ပြောလိုက်ပါတယ်။  ပါကစ္စတန်တရားရုံးက  အာရှာကို သေဒဏ်ပြစ်ဒဏ်ကနေ တရားသေ လွှတ်ပေးခဲ့ပြီးနောက် အာရှာဟာ မိသားစုနဲ့အတူ ကနေဒါမှာ နေထိုင်နေတာပါ။   ပြင်သစ်သမ္မတ မာခွန်းနဲ့ တွေ့ဆုံခဲ့တဲ့ အာရှာကို သတင်းထောက်တွေက မေးရာမှာတော့ အာရှာက သူဟာ သမ္မတ မာခွန်းနဲ့ ပြင်သစ်နိုင်ငံရဲ့ ဖိတ်ခေါ်ချက်ကို ရရှိခဲ့ပြီး အဲဒီအတွက် ဂုဏ်ယူပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။  သမ္မတ မာခွန်း ဖိတ်ခေါ်ချက်ကို အချိန်ယူစဉ်စားမှာဖြစ်ပြီး လောလောဆယ် သူ့ကျန်းမာရေးနဲ့ မိသားစုကိုပဲ အာရုံစိုက်ချင်တယ်လို့ အာရှာက ပြောခဲ့ပါတယ်။  ယာတောသူ တယောက်ဖြစ်ပြီး ကလေး ၄ ယောက် မိခင်ဖြစ်တဲ့ အာရှာဘီဘီဟာ အစ္စလာမ်ဘာသာအပေါ် စော်ကားတဲ့ မှတ်ချက်စကားကြောင့် ၂၀၁၀ ခုနှစ်မှာ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။  အာရှာရဲ့အမှုဟာ ကမ္ဘာတဝှမ်းက ခရစ်ယာန်တွေကို ဒေါသဖြစ်စေပြီး မွတ်စလင်အများစုရှိရာ ပါကစ္စတန်နိုင်ငံအတွင်း သဘောထားကွဲပြားတာတွေ ပိုဖြစ်စေခဲ့ပါတယ်။   အာရှာဟာ ထောင် ၈ နှစ် ကျခဲ့ပြီးနောက် ၂၀၁၈ မှာတော့ ပါကစ္စတန်တရားရုံးက အာရှာကို ပြစ်ဒဏ်ကနေ ပယ်ဖျက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။   
1 year Ago
Up