လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ်က ပလိုင်မောက်အသင်းနဲ့ ဂိုးမရှိသရေကျတဲ့ပွဲမှာ အသင်းရဲ့ လူထုတ်ပုံနဲ့ ပတ်သက်လို့ ကာကွယ် ပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ညက အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ လီဗာပူးနည်းပြ ကလော့ပ်ဟာ အသင်းရဲ့သမိုင်းမှာ အသက်အငယ်ဆုံးအသင်းလို့ ပြောရမယ့် လူငယ်ကစားသမား အများစုနဲ့ ပလိုင်မောက်အသင်းကို ရင်ဆိုင် ကစားသွားခဲ့ပါတယ်။
လီဗာပူးဟာ အိမ်ကွင်းဖြစ်ပေမယ့်လည်း ဒုတိယတန်းလိဂ်က ပလိုင်မောက်ကို ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ပါတယ်။
ဒါကြောင့် လီဗာပူးဟာ ဒုတိယအကျော့ပွဲစဉ်ကို အဝေးကွင်းမှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
နည်းပြ ကလော့ပ်ကတော့ လူရွေးချယ်မှုအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။
လီဗာပူးဟာ ဒီလထဲမှာ ပွဲကြပ်တွေအဖြစ် လိဂ်ဖလား ဆီမီးဖိုင်နယ်မှာ ဆောက်သမ်တန်၊ ပရီးမီးယားလိဂ်မှာ ထိပ်သီး မန်ယူနဲ့ ချဲလ်ဆီးတို့ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago