ပလိပ်မြို့

April 29, 2018

ပလိပ်မြို့ အကြိမ် ၆၀ မြောက် ညောင်ရေသွန်းပွဲတော်

  အကြိမ်​​ ၆၀ ​မြောက်​ ​ညောင်​​ရေးသွန်းပွဲ​တော်ကို ​ပလိပ်​မြို့မှာ ဧပြီ ၂၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ကဆုန်​လပြည့်​​နေ့ဟာ ဗုဒ္ဓဘာသာဝင်​တို့ရဲ့ ​နေ့ထူး​နေ့မြတ်​ဖြစ်​ပါတယ်​။ ​ဂေါတမမြတ်​စွာဘုရားရှင်​ရဲ့ ဖွားမြင်​​တော်​မူရာ​နေ့ဖြစ်​သလို ပရိနိဗ္ဗာန်​ စံဝင်​​တော်​မူခဲ့တဲ့နေရာလည်းဖြစ်​တဲ့ ထူး​မြတ်တဲ့​ အခါသမယဖြစ်​တာ​ကြောင့် ​ဘုရားရှင်​ သက်​ရှိထင်​ရှားရှိ​တော်​မူတယ်​လို့ အာရုံပြုကာ ​မဟာ​ဗောဓိ​ညောင်​ပင်​ရင်းမှာ ညောင်ရေသွန်လောင်းလှူကြပြီး အ​မွေးနံ့သာဆီမီးတွေ ထွန်းညိပူ​ဇော်ကန်​​တောကြတာ ဖြစ်ပါတယ်။ ပလိပ်​မြို့ရှိ ​မြောက်​​မြေ၊ ​ဈေး​ဟောင်း​၊ နောက်​​တော်​ပါ၊  ​ညောင်​ပင်​သာ၊ သရက်​​ချောင်၊ ​မြောက်​​မြေ၊ ​အောင်​​မြေ​တို့က ရပ်​မိရပ်​ဖတွေနဲ့ ရပ်​ကွက်​သူရပ်​ကွက်​သား​တွေဟာ မဟာ​ဗောဓိပင်​ရှိရာ​ဈေးသစ်​ရပ်​ကွက်​ကို ရပ်​ကွက်​ချင်းအလိုက်​ စီတန်းလှည့်​လည်​ပြီး ​ညောင်​​ရေသွန်း​လောင်းခဲ့ကြပါတယ်​။
3 years Ago
Up