ပရီးမီးယားလိဂ် လက်စတာ ၂-၅ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

September 27, 2015

ပရီးမီးယားလိဂ် လက်စတာ ၂-၅ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

စက်တင်ဘာ ၂၆ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းက လက်စတာအသင်းကို ၅-၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ လက်စတာစီးတီးအသင်းအတွက် ဂိုးတွေကို ဂျမိုင်း ဗာဒီက ၁၃ မိနစ်မှာ ၁ ဂိုးနဲ့ ၈၉ မိနစ်မှာ ၁ ဂိုးသွင်းယူခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် ဂိုးတွေကိုတော့ သီအိုဝေါကော့က ၁၈ မိနစ်မှာ ၁ဂိုး၊ အလက်ဆန်ချက်က ၃၃၊ ၅၇ နဲ့ ၈၁ မိနစ်တွေမှာ ၃ ဂိုးသွင်းယူခဲ့ပြီး အိုလီဗာ ဂီးရော့က မိနစ် ၉၀ မှာ ၁ ဂိုးသွင်းယူခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ၇ ပွဲကစားပြီး ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရှိပြီး လက်စတာအသင်းကတော့ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up