ပရီးမီးယားလိဂ်အသင်း

October 11, 2020

ပရီးမီးယားလိဂ်အသင်းများတွင် ခြေစွမ်းကွာဟချက်မရှိဟု  ခိုင်ဟာဗက်ဇ်သုံးသပ်

ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းကွာဟချက်တွေရှိပေမဲ့ ပရီးမီးယားလိဂ်မှာ ကွာဟချက်မရှိ ကြောင်း ချဲလ်ဆီးကစားသမားသစ် ခိုင်ဟာဗက်ဇ်က ပြောပါတယ်။  ဂျာမနီကွင်းလယ်လူ ခိုင်ဟာဗက်ဇ်ဟာ ဘွန်ဒက်စ်လီဂါကလပ် လီဗာကူဆင်ကနေ ချဲလ်ဆီး ကို ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။   အသက် ၂၁ နှစ်ရှိ ခိုင်ဟာဗက်ဇ်အနေနဲ့ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဟက်ထရစ်သွင်း ယူထားပြီး ပရီးမီးယားလိဂ်မှာတော့ ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပါဘူး။  ဘွန်ဒက်လီဂါက ဆိုးရွားတဲ့လိဂ် မဟုတ်ပေမဲ့လည်း အသင်းတွေကြားမှာ ကွာဟချက်တွေ ရှိပြီး ပရီးမီးယားလိဂ်မှာတော့ ခြေစွမ်းကွာဟချက်မရှိဘဲ  ကစားသမားတိုင်းက အမြင့်ဆုံးအဆင့် အတန်းနဲ့ ကစားနိုင်ကြတယ်လို့ ဟာဗက်ဇ်က အသင်းဝက်ဆိုဒ်နဲ့ အင်တာဗျူးမှာ သုံးသပ်ခဲ့ပါတယ်။  ဟာဗက်ဇ်ဟာ လက်ရှိအချိန်မှာ ဂျာမနီအသင်းနဲ့အတူ နေးရှင်းလိဂ်ပွဲတွေ ကစားနေပြီး ဆွစ်ဇာလန်နဲ့ ဆက်ပြီး ကစားရဦးမှာဖြစ်ပါတယ်။ 
1 year Ago

October 8, 2019

ပရီးမီးယားလိဂ်အသင်းများ၏ ကမ်းလှမ်းမှု အာဆင်ဝင်းဂါး ပယ်ချ

အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်လိုခြင်း မရှိတာကြောင့် ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ နည်းပြဟောင်း အာဆင်ဝင်းဂါးက ပြောပါတယ်။  အာဆင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် မေလက အသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။  အာဆင်နယ်ကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း တခြား ပရီးမီးယားလိဂ်ကလပ်တွေက နည်းပြချုပ်အဖြစ် ကမ်းလှမ်းခဲ့ပေမယ့်လည်း ပယ်ချခဲ့တယ်လို့ အာဆင်ဝင်းဂါးက ဆိုပါတယ်။  မိမိဟာ အာဆင်နယ်ပရိသတ် ဖြစ်ပြီး ပရီးမီးယားလိဂ် အပြင်ဘက်မှာပဲ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အင်္ဂလန်မှာ ပြန်လာနိုင်မယ့် အခွင့်အရေးကို ပယ်ချခဲ့တာ ဖြစ်တယ်လို့ နည်းပြ အာဆင်ဝင်းဂါးက ပြောပါတယ်။ ပရီးမီးယားလိဂ်က ဘယ်အသင်းတွေက ကမ်းလှမ်းခဲ့တာလဲ ဆိုတာကိုတော့ အဲဒီအသင်းတွေမှာ ကိုင်တွယ်နေတဲ့ နည်းပြတွေကို အားနာတာကြောင့် ပြောပြလိုခြင်း မရှိဘူးလို့လည်း အာဆင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။ အသက် ၆၉ နှစ်ရှိ ပြင်သစ်နည်းပြ အာဆင်ဝင်းဂါးဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှာ လူငယ်ဘောလုံးဖွံ့ဖြိုးရေး တာဝန်တွေကို လုပ်ဆောင်ရမယ့် ရာထူးတခုကို လက်ခံ ရယူသွားတော့မယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။
2 years Ago
Up