ပရီးမီးယားလိဂ်ပြိုင်ပွဲ

July 30, 2020

ကွန်မြူနတီဒိုင်းဗိုလ်လုပွဲ ဩဂုတ် ၂၉ ရက် ကျင်းပမည်

လာမယ့်ပရီးမီးယားလိဂ်ပြိုင်ပွဲအကြို ကွန်မြူနတီဒိုင်းပြိုင်ပွဲကို သြဂုတ် ၂၉ ရက်မှာ ကျင်းပ မယ်လို့ အက်ဖ်အေက အတည်ပြုလိုက်ပါတယ်။  ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံ လစ်ဗာပူးအသင်းက အက်ဖ်အေဖလား ချန်ပီယံအသင်းနဲ့ဗိုလ်လုပွဲကစားသွားရမှာပါ။ အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်ကိုတော့ လာမယ့်သြဂုတ် ၁ ရက် မှာကျင်းပသွားမှာဖြစ်ပြီး ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ တွေ့ဆုံ နေပါတယ်။  အက်ဖ်အေဖလားချန်ပီယံအသင်းအနေနဲ့ပြိုင်ပွဲအပြီး ၄ ပတ်အကြာမှာပဲ ကွန်မြူနတီဒိုင်း  ဗိုလ်လုပွဲဆက်လက် ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။ ဝင်ဘလေကွင်းမှာကျင်းပမယ့် ကွန်မြူနတီဒိုင်းဗိုလ်လုပွဲကို ပရိသတ်အရေအတွက် ကန့်သတ်ချက်နဲ့ ဝင်ရောက်ကြည့်ရှုခွင့်ပေးဖို့လည်းရှိတယ်လို့ သတင်း ထွက်ပေါ်နေပါတယ်။ ၂၀၂၀-၂၀၂၁ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုတော့ စက်တင်ဘာလ ၁၂ ရက်မှာစတင်ကျင်းပ မှာဖြစ်ပါတယ်။ 
1 year Ago

May 18, 2020

လေ့ကျင့်ချိန် ၁ လခန့်ရမှ ပရီးမီးယားလိဂ်ပြိုင်ပွဲစတင်ရန် စတားလင်း တိုက်တွန်း

ပရီးမီးယားလိဂ်ပြန်လည်စတင်ဖို့ ကစားသမားတွေအတွက် လေ့ကျင့်ချိန် ၁ လ လောက် လိုအပ်တယ်လို့ မန်စီးတီးတောင်ပံတိုက်စစ်မှူး စတားလင်းက တိုက်တွန်းလိုက်ပါတယ်။  အမေရိကန်အမျိုးသမီး အသင်းတိုက်စစ်မှူး မီဂန်ရတ်ပီးနိုး နဲ့ Yutube ကနေ ဆက်သွယ်ပြောကြားရာမှာ စတားလင်းက အခုလို တိုက်တွန်းခဲ့တာပါ။  ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမယ့်ဇွန်လ ၁၂ ရက် စတင်ဖို့ တာဝန်ရှိသူတွေက ပြင်ဆင်ထား တာ ဖြစ်ပါတယ်။  ကစားသမားတွေဟာ လက်ရှိအချိန်မှာ လေ့ကျင့်ခန်းပြန်ဆင်းနေပေမယ့် ခပ်ခွာခွာနေထိုင်ရမယ့် စည်းမျဉ်းကြောင့် ၄ ယောက်တဖွဲ့ခွဲပြီး လေ့ကျင့်နေရတာဖြစ်ပါတယ်။   ဘောလုံးပွဲတွေ မကစားရတဲ့အပြင် ခြေစမ်းပွဲလည်း ကစားရတာမရှိတဲ့အတွက် ၁ ပတ် ၂ ပတ် လောက် လေ့ကျင့်ပြီး ပြိုင်ပွဲကစားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ စတားလင်းက ပြောပါတယ်။  လေးငါးပတ်လောက် လေ့ကျင့်ချိန်ရမှ ပြိုင်ပွဲကစားဖို့ အဆင်ပြေနိုင်မှာဖြစ်ပြီး အစိုးရရဲ့ညွှန်ကြားချက်ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
1 year Ago
More News
Up