ပရီးမီးယားလိဂ်ထိပ်တန်းအသင်း

December 7, 2020

ဂျုဗီတိုက်စစ်မှူး ဒိုင်ဘာလားကို ပရီးမီးယားလိဂ်ထိပ်တန်းကလပ်များ ကမ်းလှမ်း

အီတလီကလပ် ဂျုဗင်တပ်တိုက်စစ်မှူး  ဒိုင်ဘာလားကို ပရီးမီးယားလိဂ်အသင်းကြီးတွေထဲက ခေါ်ယူဖို့ ကမ်းလှမ်းတာတွေ ရှိတယ်လို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။  အာဂျင်တီးနားတိုက်စစ်မှူးကလည်း အင်္ဂလန်ကို ပြောင်းရွေ့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။  အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂျုဗင်တပ်နည်းပြသစ် ပီယာလို လက်ထက် အခုရာသီ ပြိုင်ပွဲအစုံမှာ ၆ ပွဲပဲ ကစားခွင့်ရထားပါတယ်။  တိုက်စစ်မှူးရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာလည်း ၁၈ လပဲ ကျန်ပါတယ်။  သူ့ကို ခေါ်ဖို့ စိတ်ဝင်စားတဲ့ ကလပ်တွေကတော့ မန်ယူနိူတက်၊ လီဗာပူး၊ ချဲလ်ဆီး၊ စပါး၊ မန်စီးတီးနဲ့ အာဆစင်နယ်တို့ ဖြစ်တယ်လို့ အေးဂျင့်က ဆိုထားပါတယ်။  ဒိုင်ဘာလားဟာ ၂၀၁၉ ရာသီတုန်းကလည်း ပရီးမီးယားလိဂ်ကို ရောက်ဖို့ နီးစပ်ခဲ့ဖူးပါတယ်။
12 months Ago

August 17, 2020

ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတစ်သင်းကို ကိုင်တွယ်လိုဟု နည်းပြဇာဗီ ပြော

တချိန်မှာ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေကို ကိုင်တွယ်ခွင့်ရချင်တယ်လို့ ဘာစီလိုနာ ကစားသမားဟောင်း ဇာဗီက ပြောပါတယ်။  ဇာဗီဟာ လက်ရှိအချိန်မှာ ကာတာကလပ် အယ်ဆတ်အသင်းမှာ နည်းပြချုပ်အဖြစ် ကိုင်တွယ်နေတာပါ။ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာတော့ တချိန်မှာ ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေကို ကိုင်တွယ်ဖို့ ရွေးချယ်ခွင့်ရခဲ့မယ်ဆိုရင် ထိပ်တန်းကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ မန်ယူ၊ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ စပါးအသင်းတွေကို ကိုင်တွယ်သွားချင်တယ်လို့ ဇာဗီက ပြောပါတယ်။  ဇာဗီအနေနဲ့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကို ချီးကျူးသွားခဲ့ပေမယ့်လည်း သူ ကိုင်တွယ်လိုတဲ့ အသင်းတွေစာရင်းမှာ လီဗာပူးအသင်းကို ထည့်သွင်း ပြောကြားခဲ့တာတော့ မရှိပါဘူး။ ကလော့ပ်၊ ပိုချက်တီနိုနဲ့ အူနိုင်းအမ်မရီတို့ဟာ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့ပြီး ပတ်ဂွါဒီယိုလာကတော့ ကမ္ဘာ့အကောင်းဆုံးနည်းပြ ဖြစ်တယ်လို့ နည်းပြဇာဗီက ချီးကျူးခဲ့ပါတယ်။ 
1 year Ago
Up