လီဗာပူးအသင်းသာ တရာသီလုံး ရှုံးပွဲမရှိဘဲ ပရီးမီးယားလိဂ်ဆုဖလားရရှိခဲ့မယ်ဆိုရင် အရမ်းကို ထူးခြားပြည့်စုံမှုတခုဖြစ်လာလိမ့်မယ်လို့ နောက်ခံလူ အန်ဒီရောဘတ်ဆန်က ပြောကြား လိုက်ပါတယ်။
လီဗာပူးအသင်းဟာ လက်တလော ပရီးမီးယားလိဂ်မှာ အရှုံးမရှိသေးတဲ့အပြင် ၁၉ ပွဲကစားပြီး ချိန်မှာ ၁၈ ပွဲ အနိုင်ရရှိပြီး တပွဲသာ သရေကျထားပါတယ်။
လက်ကျန် ၁၉ ပွဲမှာ ရှုံးပွဲမရှိ ဗိုလ်စွဲနိုင်ခဲ့ရင်တော့ အာဆင်နယ်အသင်းရဲ့ ၂၀၀၄ ခုနှစ်က ရရှိခဲ့တဲ့ စံချိန်ကိုလိုက်မီနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ်ချန်ပီယံဆုဟာ သူတို့အသင်းအတွက် နှစ်ပေါင်း ၂၀ ကျော်အကြာမှ ပြန်လည်ရယူနိုင်မယ့် ဆုဖလားဖြစ်နေတာအပြင် ပြိုင်နေတဲ့ပွဲတိုင်းမှာလည်း ဆုဖလားတွေရရှိဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်က မန်ချက်စတာစီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ နောက်ဆုံးရှုံးပွဲဖြစ်ပြီး လက်ရှိအချိန်ထိတော့ လိဂ်ရှုံးပွဲမရှိခဲ့တာ တနှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
1 year Ago