ပရီးမီးယားလိဂ်

September 27, 2021

အာဆင်နယ်နှင့်ပွဲ၌ ဆုံးဖြတ်ချက်များ မှားယွင်းခဲ့ဟု စပါးနည်းပြဆန်းတို့စ် ဝန်ခံ

အာဆင်နယ်အသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ဆုံးဖြတ်ချက်တွေ မှားယွင်းသွားခဲ့တယ်လို့ စပါး နည်းပြ နူနိုဆန်းတို့စ်က ပွဲအပြီးမှာ ဝန်ခံစကားပြောခဲ့ပါတယ်။

စပါးအသင်းဟာ အာဆင်နယ်ကို ပထမပိုင်းမှာပဲ ၃ ဂိုး ပြတ် ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းမှာ ဆွမ်ဟောင်မင်က ချေပဂိုး ၁ ဂိုးသွင်းခဲ့လို့ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ 

ကစားသမားတွေ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့သလို ပွဲထွက်လူစာရင်းနဲ့ ကစားမယ့် အစီအစဉ်တွေ အားလုံးကလည်း မှားယွင်းစွာ ဆုံးဖြတ်ခဲ့မိတယ်လို့ ဆန်းတို့စ်က ပွဲအပြီးမှာ ပြောပါတယ်။ 

“ဆိုးရွားစွာပဲ ဆုံးဖြတ်ခဲ့မိတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ မလုပ်နိုင်ခဲ့ဘူးဆိုတာပဲ ပြောချင်တယ်။ ကျန်တာတွေကိုတော့ ကျနော့်ကစားသမားတွေကိုပဲ တိုက်ရိုက်ပြောချင်ပါတယ်။”

ဆန်းတို့စ်ဟာ ပထမပိုင်းမှာ ၃ ဂိုး ပြတ်ရူံးနိမ့်ခဲ့ပြီးနောက် ဒုတိယပိုင်းမှာတော့ ကွင်းလယ်လူ အယ်လီနဲ့ နောက်ခံလူ တန်ဂမ်ဂါ တို့ကို လူစားလဲခဲ့ပြီး အိုလီဗာစကစ်နဲ့ အီမာဆင်တို့ကို ထည့်သွင်းကစားစေခဲ့တာ ဖြစ်ပါတယ်။

5 hours Ago

ဂျူဗင်တပ်စ်က ထွက်ခွာခွင့်ပြုမည့် ရမ်ဆေးကို ပရီးမီးယားလိဂ်ကလပ်များ ခေါ်ယူလို

လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာခွင့်ပြုတော့မယ့် အာရွန်ရမ်ဆေးကို ပရီးမီးယားလိဂ်ကလပ်တွေက ခေါ်ယူလိုနေပါတယ်။ 

ဝေးလ်ကွင်းလယ်လူ အာရွန်ရမ်ဆေးဟာ ဂျူဗင်တပ်စ်နဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်းရှိသေးပေမယ့် လုပ်ခလစာပမာဏများပြားပြီး ပွဲကစားခွင့်လည်း နည်းပါးတာကြောင့် ဂျူဗင်တပ်စ်အသင်းက ရောင်းချဖို့ ပြင်ဆင်လာတာပါ။ 

ရမ်ဆေးဟာ ၂၀၁၉ ခုနှစ်က အာဆင်နယ်ကနေ ပြောင်းရွှေ့သွားတာဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၆၈ ပွဲပဲ ကစားခွင့်ရခဲ့တာပါ။ 

ရမ်ဆေးကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ အဲဗာတန်နဲ့  နယူးကာဆယ်အသင်းတို့က စိတ်ဝင်စားနေပြီး ဂျူဗင်တပ်စ်အသင်းနဲ့ ဆွေးနွေးဖို့ရှိနေပါတယ်။ 

ရမ်ဆေးဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်မှာ ၁၁ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၃၇၁ ပွဲမှာ ၆၅ ဂိုးသွင်းပြီး ၆၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

5 hours Ago

September 21, 2021

ချဲလ်ဆီးက ရူဒီဂါကို ပရီးမီးယားလိဂ် အကောင်းဆုံးနောက်ခံလူအဖြစ် ရီယိုဖာဒီနန် သတ်မှတ်

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူ ဖြစ်လာပြီလို့ အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်က ချီးကျူးပါတယ်။ 

ရူဒီဂါဟာ စပါးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး မနှစ်ကရာသီကလည်း ချန်ပီယံလိဂ် ဆုဖလားရယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့တာပါ။

နည်းပြလမ်းပတ် လက်ထက်မှာ ရူဒီဂါကို အရောင်းစာရင်းတင်တဲ့အထိ ဖြစ်ခဲ့ပေမဲ့ တူချယ် လက်ထက်မှာတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူ ဖြစ်လာတယ်လို့ ဖာဒီနန်က သူ့ရဲ့ ယူကျုချန်နယ်ကနေ ချီးကျူးခဲ့တာပါ။

ခြေစွမ်းပြလာတာက နည်းပြတွေရဲ့ သဘောထားနဲ့ သက်ဆိုင်ပြီး ကစားသမားတစ်ဦးအပေါ် ယုံကြည်မှုမရှိဘူးဆိုရင် အဲဒီကစားသမားဟာလည်း  ခြေစွမ်းပြဖို့ ခက်ခဲတယ်လို့ ဖာဒီနန်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မန်စီးတီးက ရူဘင်ဒီယက်ဇ်အပြင် လီဗာပူးက ဗန်ဒိုက်ထက်လည်း  ပိုကောင်းတဲ့ ကစားသမားဖြစ်လာပြီလို့ ရူဒီဂါကို ဖာဒီနန်က ချီးကျူးခဲ့ပါတယ်။

6 days Ago
More News
Up