ပရီးမီးယားလိဂ် ရှုံးပွဲဆက်သည့် အာဆင်နယ်

A d v e r t i s e m e n t With Us

March 3, 2016

ပရီးမီးယားလိဂ် ရှုံးပွဲဆက်သည့် အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၃ ရက် မနက်က ယှဉ်ပြိုင်တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆွမ်ဆီးက အမှတ်ပေးဇယား နံပါတ် ၁ နေရာအတွက် ကြိုးစားနေတဲ့ အာဆင်နယ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း ၁၅ မိနစ်မှာ အာဆင်နယ်အသင်းက ကင်ဘဲလ်က အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့် ဆွမ်ဆီးက ၃၂ မိနစ်မှာ ပြန်ချေပခဲ့လို့ ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဂျီရူးနဲ့ ဆန်းချက်ရဲ့ သွင်းဂိုးတွေ ဘားတိုင်ထိခဲ့တဲ့အတွက်လည်း အာဆင်နယ်အသင်း ဂိုးရဖို့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။ ဆွမ်ဆီးအတွက် အနိုင်ဂိုးကို ဒုတိယပိုင်း ၇၄ မိနစ်မှာ ၀ီလီယံက သွင်းယူသွားခဲ့ပါတယ်။ တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အသင်းနဲ့ အမှတ်ပေးဇယား နံပါတ် ၁ နေရာကို ရအောင် ကြိုးပမ်းနေတဲ့ အသင်း ၂ သင်း ဖြစ်တာနဲ့အညီ ပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်။ မန်ယူအသင်းကို ရှုံးနိမ့်ထားတဲ့ အာဆင်နယ်ကတော့ အားကုန်ထုတ်ကစားခဲ့ပေမယ့် ထပ်မံရှုံးနိမ့်သွားလို့ အမှတ်ပေးဇယားနံပါတ် ၁ နေရာကို ရယူနိုင်ရေး မျှော်လင့်ချက် ဆုံးရှုံးခဲ့ပါတယ်။ ဒီပွဲရှုံးနိမ့်တဲ့အတွက် အာဆင်နယ်က ၂၈ ပွဲကစား ၅၁ မှတ်နဲ့ အမှတ်ပေးဇယား တတိယနေရာနဲ့ ဆွမ်ဆီးအသင်းကတော့ ၂၈ ပွဲကစား ၃၀ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၁၆ နေရာမှာ ရပ်တည်နေပါတယ်။
5 years Ago
Up