ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစားသမား စာရင်းမှာတော့ နောက်ခံလူ ၅ ဦးထိ အဆင့် ၁၀ စာရင်းဝင်နေပေမယ့် ဒီရာသီမှာ ဂိုးအများဆုံးသွင်းထားနိုင်တဲ့ လီဗာပူးတိုက်စစ်မှူး ဆာလက်ကတော့ အဆင့် ၁၈ နေရာမှာသာ ရပ်တည်နေပါတယ်။
ဆာလက်ဟာ အခုနှစ်ရာသီ လီဗာပူးအသင်းအတွက် လိဂ်သွင်းဂိုး ၃၀ ထိ သွင်းယူထားပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၄၀ ထိ သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ နောက်ထပ်အားထားရတဲ့ ကစားသမားဖြစ်တဲ့ မာနေးဟာ တနာရီကို ၃၈ ဒသမ ၈၄ ကီလိုမီတာ၊ ချိန်ဘာလိန်က ၃၄ ဒသမ ၈၃ ကီလိုမီတာနဲ့ အဆင့် ၁၉ နဲ့အဆင့် ၂၀ တို့မှာ ရပ်တည်နေပါတယ်။
ဒါ့အပြင် အပြေးအမြန်ဆုံး တိုက်စစ်မှူးလို့ တင်စားကြတဲ့ အာဆင်နယ်ကစားသမား အူဘာမီယန်ဟာတော့ တစ်နာရီကို ၃၄ ဒသမ ၉၉ကီလိုမီတာနှုန်းနဲ့ အဆင့် ၁၄ နေရာမှာသာ ရှိနေသလို မန်စီးတီးတောင်ပံကစားသမား စတာလင်ဟာလည်း အဆင့် ၁၅ နေရာမှာ ရှိနေပါတယ်။
ထိပ်ဆုံး ၅ ဦးစာရင်းမှာတော့ မန်စီးတီးကစားသမား ဆာနေး၊ ပဲလေ့စ်နောက်ခံလူ ဗန်အန်ဟော့၊ ဆစ်ဆိုခို၊ အဲဗာတန်တိုက်စစ်မှူး ဝဲလ်ကော့၊ မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာတို့က အသီးသီးရပ်တည်နေခဲ့ပါတယ်။
3 years Ago