ပရီးမီးယားလိဂ် အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ဟယ်ရီကိန်း သက်သေပြခဲ့ဟု ဖာဒီနန် ပြော

February 2, 2018

ပရီးမီးယားလိဂ် အကောင်းဆုံးတိုက်စစ်မှူးအဖြစ် ဟယ်ရီကိန်း သက်သေပြခဲ့ဟု ဖာဒီနန် ပြော

စပါးနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာ ဟယ်ရီကိန်းက ပရီးမီးယားလိဂ် အကောင်းဆုံးတိုက်စစ်မှူး ဆိုတာကို သက်သေပြသွားတယ်လို့ မန်ယူကစားသမားဟောင်း ဖာဒီနန်က ပြောကြားလိုက်ပါတယ်။ အဲဒီပွဲမှာ စပါးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ မန်ယူအသင်းကို အနိုင်ရခဲ့တာပါ။ ဟယ်ရီကိန်းဟာ မန်ယူနောက်တန်းကို အခက်တွေ့အောင် ကစားပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးဆိုတာ ပြသသွားတယ်လို့ ဖာဒီနန်က ဆိုပါတယ်။ ဒါ့အပြင် ဘောလုံးလက်ခံပုံနဲ့ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားရာမှာ နံပါတ် ၉ တိုက်စစ်မှူးတဦးရဲ့ တာဝန်တွေ ကျေပွန်ခဲ့တယ်လို့လည်း မန်ယူတိုက်စစ်မှူး လူကာကူနဲ့ နှိုင်းယှဉ်ပြီး ဖာဒီနန်က ချီးကျူးပြောကြားသွားပါတယ်။ အင်္ဂလန်နည်းပြဟောင်း ဟယ်ရီရက်နက်ကတော့ ဟယ်ရီကိန်းနဲ့ လူကာကူကို နှိုင်းယှဉ်မပြောလိုကြောင်းနဲ့ ကွဲပြားခြားနားတဲ့ အရည်အသွေးတွေ ရှိကြတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဖာဒီနန်နဲ့ ဟယ်ရီရက်နက်တို့ဟာ စပါးနဲ့ မန်ယူပွဲစဉ်ကို ခန့်မှန်းသုံးသပ်သူတွေအဖြစ် BT Sport ရုပ်သံအစီအစဉ်မှာ တင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။
3 years Ago
Up