နိုဝင်ဘာ ၂၈ ရက်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ လက်စတာ စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ပွဲမှာ ၁-၁ ဂိုးနဲ့ သရေကျသွားပါတယ်။
အိမ်ရှင် လက်စတာ စီးတီးအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၄ မိနစ်မှာ ဂျမိုင်း ဗာဒီက သွင်းယူခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၄၅ မိနစ်မှာ ထောင့်ကန်ဘောကတဆင့် ရှဝိန်း စတိုင်ဂါက သွင်းယူခဲ့တာဖြစ်ပါတယ်။
နှစ်သင်းလုံးဟာ သရေရလဒ်ကြောင့် လက်စတာက ထိတ်ဆုံးနေရာကနေ အဆင့် ၂ ကို ရောက်ရှိသွားပြီး မန်ယူကတော့ အဆင့် ၃ ကို ရောက်ရှိသွားပါတယ်။ တဖက်မှာ မန်စီးတီးအသင်းက ဆောက်သမ်ပတန်ကို အနိုင်ရရှိခဲ့လို့ အဆင့် ၁ ကို ရောက်ရှိသွားပါတယ်။
7 years Ago