ပရီးမီးယားလိဂ် မန်ယူ ၂-၁ ၀က်ဖို့ဒ် (ရုပ်သံဟိုက်လိုက်)

November 22, 2015

ပရီးမီးယားလိဂ် မန်ယူ ၂-၁ ၀က်ဖို့ဒ် (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၂၁ ရက်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ၀က်ဖို့ဒ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ၀က်ဖို့ဒ်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့ကြတာဖြစ်ပြီး မန်ယူအသင်းမှာ အသင်းခေါင်းဆောင် ရွန်နီနဲ့ မာရှယ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေ။ မန်ယူအသင်းဟာ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူ ထိုးဖောက်ကစားခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာ ဒီပေးက မန်ယူအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒီနောက်မှာ မန်ယူအသင်းက ပထမပိုင်းတပိုင်းလုံး ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိဘဲ ၁-၀ ဂိုးနဲ့ ပထမပိုင်း ပြီးဆုံးသွားပါတယ်။ ဒုတိယပိုင်းမှာတော့ ၀က်ဖို့ဒ်အသင်းက ပြန်လည်ဖိကစားလာခဲ့ပြီး ပွဲချိန် ၇၈ မိနစ်မှာ တွိုင်ဒန်းနီးက ချေပဂိုးကို ပင်နယ်တီကတဆင့် သွင်းယူခဲ့ပါတယ်။ မန်ယူအသင်းရဲ့ အနိုင်ဂိုးကို ပွဲပြီးခါနီး မိနစ် ၉၀ မှာ ဂိုးသမား ပုတ်ထုတ်လိုက်တဲ့ဘောလုံးကို ရှဝိန်းစတိုင်ဂါ ပိတ်သွင်းခဲ့ပြီး ဘောလုံးဟာ ဝက်ဖို့ဒ် အသင်းသားတစ်ယောက်နဲ့ ထိပြီး ဂိုးဝင်သွားတာကြောင့် မန်ယူအသင်း ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ မန်ယူအသင်းဟာ ဒီပွဲအနိုင်ကြောင့် ၁၃ ပွဲကစား ရမှတ် ၂၇ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပြီး ၀က်ဖို့ဒ်အသင်းကတော့ ၁၃ ပွဲကစား ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
6 years Ago
Up