ပရီးမီးယားလိဂ် မန်ယူ ၁-၁ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

November 20, 2016

ပရီးမီးယားလိဂ် မန်ယူ ၁-၁ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ် အသင်းကြီးနှစ်သင်းဖြစ်တဲ့ မန်ယူအသင်းနဲ့ အာဆင်နယ်တို့ပွဲမှာ ၁-၁ ဂိုးနဲ့ သရေကျသွားပါတယ်။ အသင်းကြီး နှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲဖြစ်လို့ နှစ်ဖက်အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြတာ တွေ့ရပါတယ်။ ဦးဆောင်ဂိုးကို အိမ်ရှင်မန်ယူအသင်းက ဒုတိယပိုင်း ပွဲချိန် ၆၈ မိနစ်မှာ ဟာရဲရာ ပေးပို့တဲ့ ဘောလုံးကို မာတာက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲပြီးခါနီး လူစားဝင်လာတဲ့ တိုက်စစ်မှူး ဂီရော့ဒ်က ၈၉ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ တခြားအသင်းကြီးတွေရဲ့ ပွဲစဉ်အချို့မှာတော့ မန်စီးတီးအသင်းက အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးက လီဗာပူးအသင်းကတော့ ဆောက်သမ်ပတန်အသင်းနဲ့ ဂိုးမရှိ သရေကျသွားပါတယ်။ စပါးအသင်းကတော့ အိမ်ကွင်းမှာ ၀က်စ်ဟမ်းအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးမှာ လီဗာပူး (၁)၊ မန်စီးတီး(၂)၊ ချဲလ်ဆီး(၃)၊ အာဆင်နယ်(၄)၊ စပါး(၅)၊ မန်ယူ (၆) စသဖြင့် အသီးသီး ရပ်တည်နေကြပါတယ်။
6 years Ago
Up