ပရီးမီးယားလိဂ် မန်စီးတီး ၁-၂ ၀က်စ်ဟမ်း (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

December 4, 2017

ပရီးမီးယားလိဂ် မန်စီးတီး ၂-၁ ၀က်စ်ဟမ်း (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက ၀က်စ်ဟမ်းအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဧည့်သည် ၀က်စ်ဟမ်းအသင်းရဲ့ နောက်ခံလူ အန်ဂျလို အိုဘီဇင်က ပွဲချိန် ၄၄ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အိမ်ရှင်ဖြစ်တာနဲ့အညီ ဘောလုံးပိုင်ဆိုင်မှုမှာ အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းခွင့်မှာတော့ ၀က်စ်ဟမ်းအသင်းက အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ နီကိုလတ်စ်နဲ့ ဒေးဗစ်ဆေးဗားတို့က ပွဲကစားချိန် ၅၅ နဲ့ ၈၃ မိနစ်တို့မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီပွဲအနိုင်ရလဒ်ကြောင့် ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာက မန်ယူအသင်းကို ၈ မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်နေပါတယ်။ ၀က်စ်ဟမ်းအသင်းကတော့ တန်းဆင်းဇုန်အောက်ဆုံးရဲ့ ဒုတိယနေရာမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် တခြားပွဲစဉ်တခုမှတော့ ဘုန်းမောက်အသင်းနဲ့ ဆောက်သမ်ပတန်အသင်တို့ ပွဲစဉ်မှာတော့ ၁-၁ ဂိုးစီး သရေကျသွားပါတယ်။
3 years Ago

November 22, 2015

ပရီးမီးယားလိဂ် မန်စီးတီး ၁-၄ လီဗာပူး (ရုပ်သံဟိုက်လိုက်)

နိုဝင်ဘာ ၂၁ ရက်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက အိမ်ကွင်းမှာ လီဗာပူးအသင်းကို ၄-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ လီဗာပူးအသွင်းအတွက် ဂိုးတွေကိုတော့ ပထမပိုင်း ၇ မိနစ်မှာ လီဗာပူး ရှေ့တန်းကစား ဖာမီနို ဘယ်ခြမ်းကနေ ဂိုးရှေ့ဖြတ်တင်ပေးတဲ့ဘောလုံးကို မန်စီးတီးအသင်းက မန်ဂယ်လာ ဖျက်ထုတ်ရာမှာ ကိုယ့်ဂိုးကို သွင်းယူခဲ့မိတာပါ။ ပွဲချိန် ၂၃ မိနစ်မှာလည်း ဖာမီနိုက မန်စီးတီး နောက်ခံလူ ၂ ဦးကို ကျော်ဖြတ်ပြီး ဂိုးရှေ့ချပေးတဲ့ဘောလုံးကို ကော်တင်ဟိုက သွင်းယူခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ကစားရပေမယ့် မန်စီးတီးကို တောက်လျှောက် ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာလည်း ဖာမီနိုက ၁ ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ မန်စီးတီးအသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၄၄ မိနစ်မှာ အဂူရိုက လီဗာပူးနောက်ခံလူတွေ လိုက်ဖျက်နေတဲ့ကြားက ဂိုးစည်းထိပ်နားကနေ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့ပြီးနောက် ၃-၁ ဂိုးနဲ့ ပထမပိုင်း ပြီးဆုံးသွားပါတယ်။ ဒုတိယပိုင်း ပွဲချိန် မိနစ် ၈၀ မှာ လီဗာပူးအတွက် ၄ ဂိုးမြောက်အဖြစ် နောက်ခံလူ စကာတယ်က သွင်းယူခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဒီပွဲအရှုံးကြောင့် အမှတ်ပေးဇယား နံပါတ် ၁ နေရာကနေ အဆင့် ၃ ကို ရောက်ရှိသွားပြီး လီဗာပူးအသင်းကတော့ ဒီပွဲအနိုင်ကြောင့် ဇယား နံပါတ် ၉ မှာ ရပ်တည်နေပါတယ်။
5 years Ago
More News
Up