ပရီးမီးယားလိဂ် ဘုန်းမောက်

A d v e r t i s e m e n t With Us

April 18, 2016

ပရီးမီးယားလိဂ် ဘုန်းမောက် ၁ - ၂ လီဗာပူး (ရုပ်သံဟိုက်လိုက်)

ဧပြီ ၁၇ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ လီဗာပူးအသင်းက ဘုန်းမောက်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကစားနိုင်ခဲ့သလို ဘုန်းမောက်အသင်းကလည်း တန်ပြန်တိုက်စစ်တွေကနေ ပြန်လည်ထိုးဖောက်ကစားခဲ့ပါတယ်။ လီဗာပူးအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ၄၁ နဲ့ ၄၆ မိနစ်တွေမှာ ဖာမီနိုနဲ့ စတာရစ်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဘုန်းမောက်အသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန်ပြီးဆုံးခါနီး မိနစ် ၉၀ မှာမှ ဂျိုးစ်ဟွာ ကင်းက သွင်းယူခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ၃၂ ပွဲကစား ရမှတ် ၅၁ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပြီး ဘုန်းမောက်အသင်းကတော့ ၃၄ ပွဲကစား ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
5 years Ago

November 10, 2015

ပရီးမီးယားလိဂ် ဘုန်းမောက် ရှယ်ယာ ၂၅ ရာခိုင်နှုန်း အမေရိကန် ၀ယ်ယူ

အမေရိကန်ပြည်ထောင်စု ချီကာဂို အခြေစိုက် စတော့ရှယ်ယာ ကုမ္ပဏီက အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ဘုန်းမောက်ရဲ့ ရှယ်ယာ ၂၅ရာခိုင်နှုန်းကို ၀ယ်ယူလိုက်ပါတယ်။ မင်နီဆိုတာ ၀ှိုင်း ရေခဲပြင် ဟော်ကီအသင်း ပိုင်ရှင် မတ်ဟူဆိုက်ဇာ ဦးဆောင်တဲ့ ပိဆစ်ခ် ရင်းနှီးမြုပ်နှံမှုက ၀ယ်ယူလိုက်တာ ဖြစ်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုက ယှဉ်ပြိုင်မှုကို ပိုမိုကောင်းမွန် အားကောင်းစေမှာ ဖြစ်တယ်လို့ ဘုန်းမောက် ဥက္ကဋ္ဌ ဂျက်မိုစ်တင်က ပြောပါတယ်။ ဘုန်းမောက် ဘုတ်အဖွဲ့မှာ မတ်ဟူဆိုက်ဇာနဲ့ သူရဲ့ စီးပွားဖက်ကော်ပိုလက်တာကိုကလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဘုန်းမောက်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ ဘုန်းမောက်ဟာ အမေရိကန် ဈေးကွက်မှာ လှုပ်လှုပ်ရှားရှားရှိနေသလို မေဂျာလိဂ်နဲ့ ချိတ်ဆက်မှုတွေ ပိုမို အားကောင်းအောင် လုပ်ဆောင်နေပါတယ်။ ၂၀၁၄ ခုနှစ် နွေရာသီတုန်းကလည်း ပိဆစ်ခ်က အင်္ဂလန် ပထမတန်း ချန်ပီယံရှစ် ကလပ် ရီဒင်းကို ၀ယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဖြစ်ခဲ့ရပါတယ်။
5 years Ago
Up