ပရီးမီးယားလိဂ် ပွဲစဉ် ၂ မစ်ဒယ်ဘရော့နှင့် ၀က်စ်ဟမ်းတို့ အနိုင်ရ

August 22, 2016

ပရီးမီးယားလိဂ် ပွဲစဉ် ၂ မစ်ဒယ်ဘရော့နှင့် ၀က်စ်ဟမ်းတို့ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

သြဂုတ် ၂၁ ရက်က ယှဉ်ပြိုင်သွားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မစ်ဒယ်ဘရော့နဲ့ ၀က်စ်ဟမ်းအသင်းတို့ အနိုင်ရရှိသွားပါတယ်။ တန်းတက် မစ်ဒယ်ဘရော့က ဆန်းဒါးလန်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ပထမပိုင်း ၁၃ မိနစ်နဲ့ ၄၅ မိနစ်မှာ မစ်ဒယ်ဘရော့အသင်းက ကစားသမား စတူရာနီက ၂ ဂိုးလုံးကို သွင်းယူသွားတာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းအသင်းက ဒုတိယပိုင်း ၇၁ မိနစ်မှာ ချေပဂိုး ၁ ဂိုး ပြန်လည်သွင်းယူသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ဆန်းဒါးလန်းအသင်း ရှုံးနိမ့်သွားတဲ့အတွက် တန်းဆင်းဇုန်တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ နည်းပြ မိုရေးစ်က ပရိသတ်တွေကို သတိပေးထားပါတယ်။ ဆန်းဒါးလန်းအသင်းက ၂ ပွဲကစား ၂ ပွဲရှုံး တမှတ်မှ မရသေးသလို အမှတ်ပေးဇယား နံပါတ် ၁၈၊ မစ်ဒယ်ဘရော့ကတော့ ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၄ မှတ်ရကာ အမှတ်ပေးဇယား နံပါတ် ၆ မှာ ရပ်တည်နေပါတယ်။ ဒုတိယပွဲစဉ်မှာတော့ ၀က်စ်ဟမ်းက ဘုန်းမောက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ၀က်စ်ဟမ်းရဲ့လန်ဒန်ကွင်းသစ်မှာ ပွဲဦးထွက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ၈၅ မိနစ်အရောက်မှာ ၀က်စ်ဟမ်းက မစ်ခေးအန်တိုနီယိုက အနိုင်ဂိုး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ၇၇ မိနစ်မှာ ဘုန်းမောက်အသင်းက ကစားသမားတဦး ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီပွဲအနိုင်ကြောင့် ၀က်စ်ဟမ်းက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲရှုံး ၃ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၁၀၊ ဘုန်းမောက်ကတော့ ၂ ပွဲကစား ၂ ပွဲရှုံးနဲ့ အမှတ်ပေးဇယား နံပါတ် ၂၀ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up