ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ တွင် ချဲလ်ဆီးနှင့် အာဆင်နယ်တို့ နိုင်ပွဲရ

November 30, 2017

ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ တွင် ချဲလ်ဆီးနှင့် အာဆင်နယ်တို့ နိုင်ပွဲရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ နိုင်ပွဲကိုယ်စီ ရခဲ့ပါတယ်။
အာဆင်နယ်က အိမ်ကွင်းမှာ တန်းတက်အသင်း ဟတ်ဒါဖီးကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပါ။ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို လာကာဇက်တီ၊ ဂျရူး၊ ဆန်းချက်ဇ်နဲ့ အိုဇေးလ်တို့က သွင်းယူပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ ကွင်းလယ်လူ အိုဇေးလ်ကို ပွဲအပြီးမှာ နည်းပြ အာစင်ဝင်းဂါးက ချီးကျူးစကား ပြောဆိုသွားပါတယ်။ ဒီပွဲနိုင်တဲ့ အာဆင်နယ်က ၂၈ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ဟတ်ဒါဖီးကတော့ ၁၅ မှတ်နဲ့ အဆင့် ၁၄ မှာ ရှိနေပါတယ်။
နောက်ပွဲစဉ်မှာတော့ ချဲလ်ဆီးက အိမ်ကွင်းမှာ ဆွမ်ဆီးကို ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ ချဲလ်ဆီးကပဲ တဖက်သတ် ဘောလုံး အသာစီးယူပြီး ကစားနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးကို ၅၅ မိနစ်မှာ ရူဒီဂါက သွင်းယူပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးဘက်က ကန်သွင်းချက် တော်တော်များများကို ဆွမ်ဆီးဂိုးသမား ဖေဘီယန်စကီး လက်စွမ်းပြ ကာကွယ်နိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက ၂၉ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး ဆွမ်ဆီးကတော့ ၉ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up