ပရီးမီးယားလိဂ် ပွဲစဉ်

September 25, 2016

ပရီးမီးယားလိဂ် ပွဲစဉ်များတွင် လီဗာပူးနှင့် မန်စီးတီးတို့ အနိုင်ရ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ လီဗာပူးနဲ့ မန်စီးတီးတို့ အသီးသီး အနိုင်ရ သွားပါတယ်။ လီဗာပူးက အိမ်ကွင်းမှာ ဟားစီးတီးကို ၅ ဂိုး ၁ဂိုးနဲ့ အနိုင်ရတာပါ။ လီဗာပူးအတွက် အနိုင်ဂိုးတွေကို လာလာနာ၊ မာနီ၊ ကော်တင်ဟိုနဲ့ မေနာက ၂ ဂိုး သွင်းယူပါတယ်။ ဟားစီးတီးက ၂၉ မိနစ်မှာတင် တယောက်အထုတ်ခံရပြီး လီဗာပူးကို မယှဉ်နိုင် ဖြစ်ခဲ့ပါတယ်။ လီဗာပူးအတွက်တော့ ၃ ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။ ဒီပွဲနိုင်တဲ့ လီဗာပူးက ၁၃ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ မန်စီးတီးကလည်း အဝေးကွင်းမှာ ဆွမ်ဆီကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို အက်ဂူရိုက ၂ ဂိုးနဲ့ စတာလင်းက ၁ ဂိုး သွင်းယူပါတယ်။ မန်စီးတီးဟာ ပရီးမီယားလိဂ်မှာ ၆ ပွဲဆက်တိုက် အနိုင်ရတာ ဖြစ်ပါတယ်။ နိုင်ပွဲဆက်တဲ့ မန်စီးတီးဟာ ၁၈ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
5 years Ago
Up