ပရီးမီးယားလိဂ် တလတာအကောင်းဆုံးဆု ရွေးချယ်ရာတွင် ပရိသတ်မဲပေးမှု ထည့်သွင်းတွက်ချက်မည်

September 5, 2016

ပရီးမီးယားလိဂ် တလတာအကောင်းဆုံးဆု ရွေးချယ်ရာတွင် ပရိသတ်မဲပေးမှု ထည့်သွင်းတွက်ချက်မည်

ပရီးမီးယားလိဂ်ရဲ့ တလတာ အကောင်းဆုံးနည်းပြနဲ့ ကစားသမားဆုတွေ ရွေးချယ်ရာမှာ ပရိသတ်တွေရဲ့ မဲပေးမှုကိုလည်း ထည့်သွင်းတွက်ချက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ တလတာ အကောင်းဆုံးနည်းပြဆုနဲ့ ကစားသမားဆုတွေအတွက် ဆန်ကာတင်စာရင်းကို ဆုရွေးချယ်ရေးအဖွဲ့က ထုတ်ပြန်ပေးမှာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ တရားဝင် တွစ်တာစာမျက်နှာမှာ မဲပေးရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်ရာမှာ ကလပ်အသင်းတွေရဲ့ အသင်းခေါင်းဆောင်တွေ၊ ပရိသတ်တွေရဲ့ မဲပေးမှုတွေနဲ့အတူ ဆုရွေးချယ်ရေးအဖွဲ့ကနေ ရွေးချယ် ဆုံးဖြတ်သွားမှာပါ။ သြဂုတ်လအတွက် တလတာ အကောင်းဆုံးနည်းပြ ဆန်ကာတင်စာရင်းမှာ ရာနှုန်းပြည့် နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ချဲလ်ဆီးနည်းပြ ကွန်တီ၊ မန်ယူနည်းပြ မော်ရင်ဟို၊ မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ ၂ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ် ရရှိခဲ့တဲ့ တန်းတက် ဟားစီးတီးအသင်းနည်းပြ မိုက်ဖီလန်တို့ ပါဝင်နေပါတယ်။ အကောင်းဆုံးကစား သမားဆုအတွက် ချဲလ်ဆီးကွင်းလယ်ကစားသမားဟာဇက်၊ ဟားစီးတီး နောက်ခံလူဒေးဗီးစ်၊ မန်စီးတီးကွင်းလယ်လူ စတာလင်နဲ့ မန်ယူနောက်ခံလူ ဗလင်စီယာတို့ ဆန်ကာတင်စာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။
5 years Ago
Up