ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက် ပြီးဆုံးပြီဟု မော်ရင်ဟို ပြော

April 16, 2019

ပရီးမီးယားလိဂ် ချန်ပီယံဆု လီဗာပူးရနိုင်ဟု ဖာဂူဆန်ခန့်မှန်း

အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လီဗာပူးအသင်းရသွားနိုင်တယ်လို့  မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က ခန့်မှန်း ပြောကြားလိုက်ပါတယ်။ လက်ရှိအမှတ်ပေးဇယား အဆင့် ၁နဲ့ ၂နေရာကို မန်ချက်စတာစီးတီးအသင်းနဲ့ လီဗာပူးတို့က တလှည့်စီ ဦးဆောင်နေပြီး ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေတာပါ။ ဒီအခြေအနေမှာ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဧပြီလ ၂၄ ရက်နေ့မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံနေလို့  ချန်ပီယံဆုအတွက် အခက်အခဲရှိလာနိုင်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်က တော့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မန်စီးတီးအသင်းထံကနေ ရမှတ်တွေ ယူသွားနိုင်လို့ လီဗာပူးသာ ပရီးမီးယားလိဂ်ဖလားရမယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ ဖာဂူဆန် နည်းပြခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ လက်ရှိ အဆင့် ၆နေရာမှာ ရှိနေပြီး  လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အတွက် စပါး၊ အာဆင်နယ်၊ ချဲလ်ဆီးအသင်းတွေနဲ့ လက်ကျန်ပွဲစဉ်တွေကို ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ ဓာတ်ပုံ-DailyMail
2 years Ago

December 27, 2017

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရန် ငွေကြေးပိုသုံးဖို့လိုဟု မော်ရင်ဟို ပြော

ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူဖို့ဆိုရင် အခုထက်ငွေပိုသုံးပြီး ကစားသမားကောင်းတွေခေါ်ဖို့ လိုတယ်လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက ဘန်လေအသင်းနဲ့ ၂ ဂိုးစီ သရေကျအပြီး မော်ရင်ဟိုက ပြောကြားလိုက်တာပါ။ ပြိုင်ဘက် မန်စီးတီးအသင်းဟာ တိုက်စစ်မှူးတွေအတွက် ပေးရမယ့်ငွေကြေးနဲ့ ခံစစ်ကစားသမားတွေကို ဝယ်ယူထားတဲ့အတွက် မန်စီးတီးကို ယှဉ်ကစားဖို့ဆိုရင် ငွေပိုသုံးဖို့လိုတယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။ မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ နောက်ခံလူတွေဖြစ်တဲ့ ကိုင်လီဝေါ်လ်ကာ၊ မန်ဒီနဲ့ ဒန်နီလိုတို့ကို ငွေကြေးများစွာပေးပြီး ခေါ်ယူထားခဲ့တာပါ။ မော်ရင်ဟိုဟာ မန်ယူအသင်းကို ရောက်ရှိလာပြီးနောက်ပိုင်း ပေါင်သန်း ၃၀၀ အထိ ငွေကြေးသုံးစွဲခဲ့ပေမယ့် ဒီပမာဏဟာ လုံလောက်မှုမရှိသေးဘူးလို့ ဆိုပါတယ်။
3 years Ago
Up