မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူက ဝက်စ်ဟမ်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
မန်ယူက အဓိက ကစားသမား အများစုနဲ့ လူစုံထုတ် ယှဉ်ပြိုင်သွားတာပါ။
မန်ယူအတွက် ဦးဆောင်ဂိုး ၂ ဂိုးကို တိုက်စစ်မှူး လူကာကူက သွင်းယူပါတယ်။
ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ မန်ယူ အပါအဝင် အသင်း ၃ သင်းနဲ့အတူ ပရီးမီးယားလိဂ်ရာသီ ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်တဲ့သူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
ဒီပွဲမှာ မန်ယူက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။
မန်ယူအတွက် တတိယဂိုးကို ၈၇ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး မာရှယ်၊ အပိတ်ဂိုးကို မိနစ် ၉၀ မှာ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက သွင်းယူပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ မန်ယူကွင်းလယ်မှာ ခြေစွမ်းပြ ကစားနိုင်တဲ့ မာတစ်က ရရှိသွားပါတယ်။
ဒီပွဲနိုင်တဲ့ မန်ယူက ပွဲဦးထွက်မှာ ၃ မှတ်ရပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။
5 years Ago