ပရီးမီးယားလိဂ်ဖလားရရန် စပါးအသင်း ရေပန်းစားဟု လက်ဆက်စတာနည်းပြ ပြော

A d v e r t i s e m e n t With Us

March 1, 2016

ပရီးမီးယားလိဂ်ဖလားရရန် စပါးအသင်း ရေပန်းစားဟု လက်ဆက်စတာနည်းပြ ပြော

တော့တင်ဟမ်ဟော့စပါးအသင်းက ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရဖို့ ရေပန်းစားနေတယ်လို့ လက်ဆက်စတာနည်းပြ ရိုင်နရီက ပြောလိုက်ပါတယ်။ စပါးအသင်းဟာ လောလောဆယ် အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ လက်ဆက်စတာရဲ့ နောက် ၂ မှတ်အကွာမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်တွေဟာ နောက်ထပ်ကစားဖို့ ၁၁ ပွဲ ကျန်ရှိနေပါတယ်။ လန်ဒန်အခြေစိုက် စပါးအသင်းအနေနဲ့ ပရီးမီးယားလိဂ် ဆုဖလားနဲ့ ၅၅ နှစ်ကြာ ဝေးကွာနေတာတွေကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း နည်းပြ ရိုင်နရီက ပြောပါတယ်။ လူတိုင်းက လက်ဆက်စတာ အကြောင်းကိုပဲ ပြောနေပါတယ်၊ ဘယ်သူမှ စပါးအကြောင်းကို ပြောတာ မရှိကြဘူးလို့လည်း ဆိုထားပါတယ်။ စပါးအသင်းဟာ လက်ကျန်ပွဲစဉ်တွေထဲမှာ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ မန်ယူ၊ လီဗာပူး၊ ချဲလ်ဆီးတို့နဲ့ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
5 years Ago
Up