ပရီးမီးယားလိဂ်ဖလား

May 13, 2019

မန်ယူ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရန် အချိန်ယူရမည်ဟု ဆိုးလ်ရှားပြော

မန်ချက်စတာယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ဖို့ အချိန်အများကြီး ယူရလိမ့်မယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောလိုက်ပါတယ်။ ယူနိုက်တက်ဟာ မနေ့ညက ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ကာဒစ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးပြီး ရမှတ် ၆၆ မှတ်နဲ့ အဆင့် ၆ နေရာမှာပဲ ရပ်တည်နိုင်ခဲ့တာပါ။ ချန်ပီယံ မန်စီးတီးနဲ့ဆိုရင် မန်ယူဟာ ၃၂ မှတ်တောင် ကွာဟပါတယ်။ မန်ယူဟာ နောက်ဆုံးကစားတဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှားကတော့ ချန်ပီယံဆုအတွက် ရေရှည် အချိန်အများကြီး ယူရမှာဖြစ်ပြီး အချိန်တိုအတွင်းမှာ ဆိုရင်တော့ အဆင့် ၄ ဝင်ရေးကိုပဲ အာရုံစိုက်ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ မန်ယူအသင်းဟာ ဒီနှစ်ရာသီမှာ ၁၉ ပွဲပဲနိုင်ပြီး ၉ ပွဲသရေနဲ့ ၁၀ ပွဲရှုံးပြီး အဆင့် ၆ နဲ့ လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၂၀၁၃ ခုနှစ်က နောက်ဆုံး ဆွတ်ခူးထားပါတယ်။
3 years Ago

April 9, 2019

လီဗာပူးအသင်းကိုသာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးစေချင်ဟု ဂယ်ရီနဗီးလ် ပြော

ပရီးမီးယားလိဂ်​ဖလားကို အစဉ်​အလာပြိုင်​ဘက်​ လီဗာပူးအသင်းကိုသာ ဆွတ်​ခူး​စေချင်​တယ်​လို့ မန်​ချက်​စတာယူနိုက်တက်​ ​အသင်း​ခေါင်း​ဆောင်​​ဟောင်း ဂယ်​ရီနဗီးလ်​က ​ပြောကြားလိုက်​ပါတယ်​။ မန်​စီးတီးအသင်းဟာ ဖလား ၄ လုံး လမ်းကြောင်းပေါ်မှာ ရှိနေပြီး EFL ကာရာဘောင်ဖလား ဆွတ်​ခူးထားသလို အက်​ဖ်​​အေဖလားမှာ ဖိုင်​နယ်​အဆင့်​၊ ချန်​ပီယံလိဂ်​မှာ ကွာတားဖိုင်​နယ်​နဲ့ ပရီးမီးယားလိဂ်​မှာ ထိပ်​ဆုံးက လီဗာပူးနဲ့တပွဲ​​လျော့ ၂ မှတ်​အကွာနဲ့ ဒုတိယ​နေရာမှာ ရှိနေခဲ့ပါတယ်​။ ဒီရာသီမှာ မန်​စီးတီးအသင်းဟာ ဖလား ၄ လုံး တပြိုင်​နက်​ပိုင်​ဆိုင်​နိုင်​ဖို့ ဖြစ်​​နိုင်​​ချေနည်း​ပေမယ့် အစီအစဉ်​တင်​ဆက်​သူ လုပ်​​နေတဲ့ ဂယ်​ရီနဗီးလ်​က​တော့ စိုးရိမ်​​နေခဲ့တာ ဖြစ်​ပါတယ်​။ မန်​စီးတီးအသင်းဟာ ချန်​ပီယံလိဂ်​မှာ စပါးအသင်းနဲ့ ထိပ်​တိုက်​​တွေ့ဆုံ​နေ​ပေမယ့်​ ဆီမီးဖိုင်​နယ်​အဆင့်​ကို ရောက်​ဖို့ ထင်​​ကြေး​ပေးခံ​နေရတာလည်း ဖြစ်​ပါတယ်​။ နောက်​ထပ် အစဉ်​လာပြိုင်​ဘက် လီဗာပူးကလည်း ပရီးမီးယားလိဂ်​ဖလား ရရှိဖို့ ဖြစ်​နိုင်နေသလို ချန်​ပီယံလိဂ်​မှာ ယှဉ်​ပြိုင်​ချိန်​တိုင်း ရလဒ်​​ကောင်း​လေ့ရှိတာ​ကြောင့်​ အခုနှစ်​​ဘောလုံးရာသီအကုန်​ဟာ ယူနိုက်​တက်​ပရိသတ်​တချို့အတွက်​ အခါးသီးဆုံး ဖြစ်​လာနိုင်​တယ်​လို့ ​သုံးသပ်​​နေကြပါတယ်​။
3 years Ago
More News
Up