ပရီးမီးယားလိဂ်ပွဲစဉ် ဝက်စ်ဟမ်း ၂ - ၀ ဟတ်ဒါစ်ဖီးလ်ဒ်

September 12, 2017

ပရီးမီးယားလိဂ်ပွဲစဉ် ဝက်စ်ဟမ်း ၂ - ၀ ဟတ်ဒါစ်ဖီးလ်ဒ် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ် ၄ လက်ကျန်ပွဲအဖြစ် ဝက်စ်ဟမ်းနဲ့ ဟတ်ဒါစ်ဖီးလ်ဒ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ ဝက်စ်ဟမ်းက ၂ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ပထမဆုံးနိုင်ပွဲ ရရှိသွားပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဒီနှစ် ပရီးမီးယားလိဂ်ရာသီအစ ၃ ပွဲစလုံး အရေးနိမ့်ထားခဲ့လို့ ဒီပွဲကို အာရုံစိုက် ကစားခဲ့ပြီး အနိုင်ရခဲ့တဲ့အတွက်လည်း ဖိအားဒဏ်ခံနေရတဲ့ နည်းပြ ဘီလစ်အတွက် သက်သာရာ ရခဲ့တာပါ။ ဒီပွဲစဉ်မှာ ဟတ်ဒါစ်ဖီးလ်ဒ်က ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်တွေမှာတော့ ဝက်စ်ဟမ်းက အသာရခဲ့ပါတယ်။ ပထမပိုင်းမှာတော့ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ခဲ့ဘဲ ဝက်စ်ဟမ်းအတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်း ၇၂ မိနစ်မှာ အိုဘီယန်နဲ့ ၇၇ မိနစ်မှာ လူစားဝင်ကစားသမား အန်ဒရေအာရူးတို့က သွင်းယူပေးခဲ့တာပါ။ ဒီပွဲစဉ်အပြီးမှာတော့ ဝက်စ်ဟမ်းက ရမှတ် ၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၈ မှာ ရပ်တည်နေပြီး ဟတ်ဒါစ်ဖီးလ်ဒ်က ရမှတ် ၇ မှတ်နဲ့ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up