ပရီးမီးယားလိဂ်ပွဲစဉ် လက်ဆက်စတာ ၁ - ၀ နယူးကာဆယ်

A d v e r t i s e m e n t With Us

November 29, 2017

ပရီးမီးယားလိဂ်ပွဲစဉ် လက်စတာ ၂ - ၁ စပါး (ရုပ်သံဟိုက်လိုက်)

မနေ့ညကယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လက်စတာအသင်းက နာမည်ကြီး စပါးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လက်စတာအတွက်တော့ စပါးကို အိမ်ကွင်းမှာ ၂၀၀၂ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အနိုင်ရတာပါ။ အိမ်ရှင် လက်စတာအတွက် ဦးဆောင်ဂိုးကို ၁၃ မိနစ်မှာ တိုက်စစ်မှူး ဗာဒီက သွင်းယူပါတယ်။ စပါးက အဝေးကွင်းဖြစ်ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ လက်စတာအတွက် ဒုတိယဂိုးကို မာရက်ဇ်က ၄၅ မိနစ်မှာ သွင်းယူပါတယ်။ စပါးအတွက် ချေပဂိုးကို ၇၉ မိနစ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းယူပါတယ်။ စပါးအတွက်တော့ ဒီနှစ်ရာသီမှာ ၄ ပွဲမြောက် ရှုံးပွဲတွေ့သွားတာပါ။ ဒီပွဲရှုံးလို့ စပါးအသင်းဟာ ၂၄ မှတ်နဲ့ အဆင့် ၅ မှာ ရှိနေပြီး လက်စတာကတော့ ၁၇ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပါတယ်။
3 years Ago

March 15, 2016

ပရီးမီးယားလိဂ်ပွဲစဉ် လက်ဆက်စတာ ၁ - ၀ နယူးကာဆယ် (ရုပ်သံဟိုက်လိုက်)

မတ်လ ၁၄ ရက် ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ကြားပွဲစဉ်မှာ လက်ဆက်စတာစီးတီးက နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အိမ်ကွင်းမှာယှဉ်ပြိုင်တဲ့ ဒီပွဲမှာ လက်ဆက်စတာအတွက် အနိုင်ဂိုးကို ၂၅ မိနစ်မှာ တိုက်စစ်မှူး အိုကာဇာကီက သွင်းယူပါတယ်။ ဒီပွဲနိုင်တဲ့ လက်ဆက်စတာက ဒုတိယနေရာက စပါးအသင်းကို ၅ မှတ် ဆက်ပြီး ဖြတ်ထားနိုင်ခဲ့ပါတယ်။ နယူးကာဆယ် နည်းပြသစ် ဘင်နီတက်ဇ်အတွက်တော့ ပထမဆုံးကိုင်တွယ်တဲ့ ပွဲမှာပဲ ရှုံးပွဲတွေ့သွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ နယူးကာဆယ်အသင်း ကစားပုံ တိုးတက်လာပြီး ချေပဂိုးသွင်းနိုင်ဖို့လည်း နီးစပ်ခဲ့ပါတယ်။ နယူးကာဆယ်က အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့သလို ကန်သွင်းခွင့်လည်း ရခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ လက်ဆက်စတာက ၆၃ မှတ်နဲ့ ဇယားထိပ်မှာ ဆက်ဦးဆောင်နေပြီး နယူးကာဆယ်က ၂၄ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up