ပရီးမီးယားလိဂ်ပွဲစဉ် မစ်ဒယ်ဘရော့ ၁ - ၀ ဟားစီးတီး

December 6, 2016

ပရီးမီးယားလိဂ်ပွဲစဉ် မစ်ဒယ်ဘရော့ ၁ - ၀ ဟားစီးတီး (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၅ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မစ်ဒယ်ဘရော့က ဟားစီးတီးကို အိမ်ကွင်းမှာ ၁ ဂိုးတည်းနဲ့ ကပ်ပြီး အနိုင်ရသွားပါတယ်။ ဘိုရိုအသင်းအတွက် အနိုင်ဂိုးကို မိနစ် ၆၀ မှာ ရာမီရက်စ်က ခေါင်းတိုက်သွင်းယူပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဘိုရိုအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရာမီရက်စ်ကပဲ ရရှိသွားပါတယ်။ ဟားစီးတီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးကစားတဲ့ ၁၀ ပွဲမှာ ၈ ပွဲမြောက် ရှုံးပွဲတွေ့တာ ဖြစ်ပါတယ်။ ဘိုရိုကတော့ ဒီပွဲနိုင်လို့ ၁၅ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာကို တက်လှမ်းသွားပါတယ်။ ဟားစီးတီးကတော့ ၁၁ မှတ်နဲ့ တန်းဆင်းဇုန်ထဲက အဆင့် ၁၉ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up