ပရီးမီးယားလိဂ်ပွဲစဉ် စတုတ်စီးတီး ၃ - ၁ ဆွမ်ဆီး

A d v e r t i s e m e n t With Us

November 1, 2016

ပရီးမီးယားလိဂ်ပွဲစဉ် စတုတ်စီးတီး ၃ - ၁ ဆွမ်ဆီး (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ လက်ကျန်ပွဲစဉ်အဖြစ် စတုတ်စီးတီးနဲ့ ဆွမ်ဆီးတို့ အောက်တိုဘာ ၃၁ ရက်ညက ယှဉ်ပြိုင်ရာ စတုတ်က အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ စတုတ်စီးတီးဟာ ဒီပွဲမှာ အနိုင်ရတဲ့အတွက် ပရီးမီးယားလိဂ် အမှတ်ပေးပွဲ နောက်ဆုံးသုံးပွဲဆက် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲအစ ၃ မိနစ်မှာပဲ ဘိုနီက စတုတ်စီးတီးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ၈ မိနစ်မှာ ဆွမ်ဆီးအတွက် Routledge က ချေပဂိုး ပြန်သွင်းပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ ဆွမ်ဆီးက ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ စတုတ်က အသာရခဲ့ပါတယ်။ ပွဲချိန် ၅၅ မိနစ်မှာ ဆွမ်ဆီးကစားသမား မော်ဆန် ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိသလို ၇၃ မိနစ်မှာ စတုတ်တိုက်စစ်မှူး ဘိုနီကပဲ တဂိုး ထပ်သွင်းခဲ့လို့ ပွဲအပြီးမှာ စတုတ်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ ဒီပွဲအပြီးမှာတော့ စတုတ်က ရမှတ် ၁၂ နဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး ဆွမ်ဆီးကတော့ ၅ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၉ မှာ ရှိနေပါတယ်။
4 years Ago
Up